Zawgyi
"မြုပ်နေခဲ့သောအတိတ်တချို့ ပြန်လည်ထွက်ပေါ်လာခြင်း"
နံနက်ခင်းအချိန်က (၆)နာရီရှိပြီမို့ ရှန်းနိုးနေပြီဖြစ်ပေမယ့် မထသေးဘဲ အိပ်ယာပေါ်ကနေ လိုက်ကာဖွင့်ထားသော မှန်နံရံတွေဆီ လှမ်းငေးကြည့်နေ၏။
ပြတင်းကိုဖွင့်ထားတာကြောင့် အအေးဓာတ်က အခန်းထဲထိ စိမ့်နေလေ၏။
မိုးလေ၏ကျီစယ်မှုကြောင့် အဖြူ ရောင်ဇာလိုက်ကာစမှာလည်း တလွင့်လွင့်။အပြင်ဘက်ကနေရွာချနေသည့်မိုးက မှန်နံရံတွေပေါ်ရိုက်ခတ်နေသည်ကို မီးရောင်ပျပျ၏အလင်းဖြင့် မြင်နေရပုံက လူတစ်ယောက်ကို မဆီမဆိုင် မြင်ယောင်သတိရစေလေသည်။
ရှန်းကအပြင်ဘက်ကိုငေးရင်း ရေးရေးလေးပြုံး၏။
အခုရက်ပိုင်းတွေမှာ မျက်လုံးဖွင့်တာနဲ့ တစ်စုံတစ်ယောက်အကြောင်းတွေမိပြီး ပြုံးတတ်နေလေပြီ။ပြီးတော့ ရှန်းက သူ့ပါးပြင်ကိုဖွဖွအုပ်ကိုင်လိုက်၏။
တစ်စုံတစ်ယောက်နဲ့အကြောင်းတွေကို ပြန်တွေးမိပြီး သူ့ပါးပြင်တွေပူလာနေပြီလေ။
မေ့မရသည့်ပုံရိပ်တွေနဲ့ တားမရသည့်အတွေးတွေကလည်း တကယ်ကိုခက်တာတွေပင်။ထိုစဉ် စားပွဲပေါ်က သူ၏ဖုန်းကမြည်လာလေသည်။
ရှန်းကယူကြည့်လိုက်တော့ စံစံ။"ဘော့စ် ဂွတ်မောနင်း "
"အင်း"
နှုတ်ဆက်လာပေမယ့် စံစံ၏အသံက တည်ငြိမ်နေတာမို့ ရှန်းက အာရုံစိုက်နားထောင်နေ၏။
"ဒီမနက်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတာတစ်ခု ပေါ်လာတယ်... ဘော့စ်ဆီ ကျွန်မပို့ထားပါတယ်... အခုသတင်းအရင်းအမြစ်ကို စုံစမ်းဖို့စီစဉ်လိုက်ပါပြီ ဘော့စ်"
ရှန်းက စံစံပို့ပေးလာသော လင့်(ခ်)ကိုဖွင့်ကြည့်တော့ သူ၏နာမည်နဲ့စသည့် သတင်းတစ်ပုဒ်က ခေါင်းကြီးပိုင်းအနေနဲ့ ရှာဖွေမှုအများဆုံးသတင်းတွေရဲ့ထိပ်ဆုံးမှာ။

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...