အပိုင်း ၄၉ (U&Z)

1.5K 107 4
                                    

(Unicode)

*ရိပေါ်...ကောတို့ ကလေးလေး တယောက်လောက် ရရင် ကောင်းမယ်နော်...

အိပ်ယာပေါ် ပက်လက်လှန်ပြီးတွေးတွေးဆဆလေး ပြောနေတဲ့ အရှင်ရှောင်းကျန့်ကို ရိပေါ် မေးထောက်ကာ ငေးကြည့်နေမိသည်။

သူ သတိထားမိနေတာ ကြာပြီ။ အခုတလော ကောက ကလေးလေးတွေကို အရမ်းကို စိတ်ဝင်တစား ရှိတတ်သည်။ ရောက်ရာအရပ်မှာ ကလေးတွေနဲ့ တွေ့ရင် ဆော့ကစားပေးတတ်သည်။ ကြင်ကြင်နာနာ  ဆက်ဆံတတ်သည်။ နွေးနွေး ထွေးထွေး ပြောဆိုတတ်သည်။

ကောင်းကင် နန်းတော်ကို ပြန်ရောက်ပြီးကတည်းကလည်း ညီလာခံလာတဲ့ စစ်သူကြီးတွေနဲ့ ကြုံကြိုက်လို့ စကား လက်ဆုံကျတိုင်း သူတို့ သားသမီးတွေရဲ့ ငယ်ဘဝ အကြောင်းတွေကို မေး​ြမန်းတတ်သည်။ သူတို့ရဲ့ ငယ်ငယ်က အမူအကျင့်တွေနဲ့  ထိန်းကျောင်းနည်းတွေကို စူးစမ်း နေတတ်ခဲ့သည်။

*ကောက လိုချင်လို့လား...

*အင်း...ရိပေါ်နဲ့ ကောရဲ့ ရင်သွေးလေးတယောက်လောက်ရရင် ကောင်းမယ်နော်...ရိပေါ် ရော ဘယ်လို ထင်လဲဟင်...

*အင်းးးး...ကျွန်တော်ကတော့ ရရင် လိုချင်တာပေါ့...မရလည်း ကိစ္စမရှိပါဘူး...ဒါပေမယ့် ကလေးရှိရင် ကောပုံစံနဲ့ ဆို ပင်ပန်းနေမှာ...လူက ပိန်ပိန်...ကျန်းမာရေးကလည်း သိပ်မကောင်းပဲနဲ့...မလွယ်လောက်ဘူး...
ကျွန်တော်က မွေးပေးရအောင်လည်း...ဗိုက်တကားကားနဲ့ ညီလာခံကို...ဘယ်လိုလုပ် တတ်မလဲ...မဖြစ်နိုင်ဘူးလေ...

မဖြစ်နိုင်တာပေမယ့် အရှင်ရှောင်းကျန့် စိတ်ချမ်းသာဖို့ ဖြစ်နိုင်သလိုပုံနဲ့ ရိပေါ် ပြောလိုက်သည်။ ကော စိတ်ထဲမှာ တကယ်ကို ဆန္ဒရှိနေသည်မဟုတ်လား။

*ဟုတ်တယ်နော်...ရိပေါ်သာ ဗိုက်ကားကားလေးနဲ့ ညီလာခံတက်ရရင်...တော်တော် ရယ်ရမှာ...တွေးကြည့်ရုံနဲ့တင်...ဟား...ဟား...ဟား...

သဘောကျစွာ ဟက်ဟက် ပက်ပက် ရယ်နေတဲ့ အရှင်ရှောင်းကျန့်ကို ရိပေါ်က ချစ်မြတ်နိုးခြင်း အပြည့်နဲ့ ကြည့်လိုက်သည်။

*ကော...ကော စိတ်ထဲမှာ ကလေး ဆိုတာကို အရမ်းလိုချင် နေတာလားဟင်...ဒါမှမဟုတ်...ကလေး မရှိရင် ကောကို ကျွန်တော် ထားသွားမှာ ဆိုးလို့လား...

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now