Chapter-15(မင်းကကိုယ့်အပိုင်)

6.1K 208 13
                                    

Unicode Ver

(15)မင်းကကိုယ့်အပိုင်

ည၈နာရီအချိန်
"ဟယ်လို ရတီနင်အခုအိမ်မှာလား"

"တော်သေးတာပေါ့...ဆရာမကိုအားနာလာလို့ဟ
နင်ကလေးတွေကို ထိန်းပေးထားလို့ရမလား"

"ကျေးဇူးပါဟာ"

"ဘာဖြစ်ရမလဲဟယ် ဟိုCEOဆုတ်ပေါ့ ဂျပန်
ဘက်က customer တွေကအချိန်စာရင်းပြောင်း
လိုက်တယ်တဲ့လေ အဲ့တော့ငါကစာရင်းတွေကိုအပြီး
လုပ်ပေးရတယ်လေ"
"ခုသူတို့နဲ့စကားပြောတော့မှပဲ ငါတို့ဘက်ကပြောင်း
လိုက်တာတဲ့...ငါတော်တော်သတ်ချင်နေပြီ အဲ့
တစ်ယောက်ကို ငါ့ကိုတမင်နှိပ်ဆက်နေတာဟ"

"နင်လဲမရီနေနဲ့ ....ဒါပဲငါပြန်ဝင်ရတော့မယ်"
ဖုန်းချပြီး Uniform ကိုသပ်ရပ်အောင်လုပ်ပြီး
အခန်းထဲပြန်ဝင်လိုက်တယ်
အခန်းထဲမှာလူ၇ယောက်ရှိပြီး ၅ယောက်က ဂျပန်
ကိုယ်စားလှယ်တွေဖြစ်တယ် သူမလဲထိုင်ခုံမှာဝင်
ထိုင်လိုက်ပြီး ဘေးက CEOဆုတ်ကို မျက်စောင်းထိုးပေးလိုက်တယ်

"Royal ရဲ့အတွင်းရေးမှူးလေးကလဲတစ်ခွက်လောက်လက်ခံသင့်တယ်နော်..."

"ကျွန်မကသောက်လေ့မရှိလို့ပါ"
သူမလဲအကူအညီရမလားလှမ်းကြည့်မိတော့ မရတဲ့
အပြင်ကို သူ့လက်ထဲက ဝိုင်ခွက်ကို သူမရှေ့လာတင်
တယ်လေ သူမကိုပြုံးပြပြီး

"ဝိုင်လေးတစ်ခွက်ပါဘဲ သောက်လိုက်ပါ "
"ဒါကခွက်အသစ်ပါ အသင့်ထည့်ပေးထားတာ"
တဲ့လေ

ပိုးပိုးလဲမတတ်နိုင်တဲ့အဆုံး ဝိုင်ခွက်ကိုကိုင်ပြီး
သောက်လိုက်ရတော့တယ် သူမဘဲအမြင်မှားတာလားမသိဘူး ကိုရှားက သူမဝိုင်သောက်တာကို
တစ်ချက်ပြုံးလိုက်ပုံပေါ်တယ်
'ငါဘဲစိတ်ထင်တာလား..'
............
"ဒါဆိုနောက်မှတွေ့ကြတာပေါ့ဗျာ"

"ကောင်းပါပြီဗျာ"
ထွက်သွားတဲ့ကားကိုကြည့်ပြီး သူမမူးလာသလိုခံစား
လိုက်ရတယ်
'ဘာဖြစ်နေတာလဲ...ငါတစ်ခွက်ထဲသောက်ခဲ့တာကို
ကြည့်ရတာမသောက်တာကြာလို့ဘဲလား '
'ငါဘာလို့ ပူလာရတာလဲ'

"ဝဏ္ဏ မင်းပြန်လို့ရပြီ ငါကိုယ့်ဘာသာမောင်းမှာ"

"ဒါပေမဲ့ အမပိုး...."

မေ့မရနိုင်သူWhere stories live. Discover now