''သူ့ကိုထပ်ပြီး ဒုက္ခပေးဖို့တော့ မဟုတ်ဘူးမလား...Hun''
''ဒါက ငါ့ရဲ့အိမ်ထောင်ရေး Do Kyungsoo...''
''မင်းရဲ့အိမ်ထောင်ရေးဆိုပေမဲ့ မင်းမပါတော့တဲ့နေ့ရက်တွေကို သူနေသားကျသွားဖို့ ငါတို့အားလုံးတော်တော်ကြိုးစားထားခဲ့ရတာ...''
''ငါသူ့အပေါ် ကောင်းပေးချင်တာ...Kyungsoo..! သူ့အပေါ်ငါမှားခဲ့တာတွေ လွန်ခဲ့တာတွေအတွက် ဖြည့်ဆည်းပေးချင်တာပါ...''
''စိတ်ရင်းအမှန်ဆိုရင်တော့ ကြိုဆိုပါတယ်...''
''ငါ့ကိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ်...! ဒါနဲ့ Kim Jonginကို မင်းဆီကလာလုတာတော့ မဟုတ်ဘူးမလား...''
''အဟင်း...သူမင်းအကြောင်းကို ပါးစပ်ကထုတ်မပြောတော့ပေမဲ့ သူ့ရင်ထဲနှလုံးသားထဲမှာတော့ မင်းကိုသိမ်းထားတုန်းပါပဲ...''
''ငါ...ငါ တသက်လုံး သူ့အပေါ်ကောင်းသွားတော့မှာ Kyungsoo...''
''ဝမ်းသာပါတယ် သူငယ်ချင်းရယ်...! သူ့အချစ် သူ့မြတ်နိုးမှုတွေကို မင်းမြင်လာပြီး နားလည်ပေးနိုင်လာလို့ ကျေးဇူးတင်ပါတယ်...''
''မဟုတ်တာ...! ငါကသာမင်းကိုကျေးဇူးတင်ရမှာပါ...! သူ့ဘဝရဲ့ အခက်အခဲဆုံးအချိန်တွေမှာ သူ့အနားမှာ မင်းရှိနေပေးလို့် သူဖြေသာခဲ့တာမဟုတ်ဘူးလား...''
''…………………''
သူSehunရဲ့စကားတွေကို ခွန်းတုံ့မပြန်မိတော့ပဲ တိတ်တိတ်သာနေလိုက်မိပါသည်။
ဒီ့ထက်မပိုပါဘူး ချစ်သူရေ...
မင်းက ပိုင်ရှင်ရှိပြီးသား ပန်းတစ်ပွင့်
ကိုယ်က တခဏတာစောင့်ရှောက်ပေးခဲ့သူ ဥယျာဉ်မှူးလေးပေါ့...
ပိုင်ရှင်ရောက်မလာသေးခင် မင်းကိုထိန်းသိမ်းစောင့်ရှောက်ပေးမယ်...
အနားမှာနေပြီး လိုအပ်သမျှကို အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးပါ့မယ်...
အရိပ်လိုရင် ထီးလိုမိုးပေးပြီး
လေမုန်တိုင်းထန်လာတဲ့အခါ ကိုယ့်ရင်ခွင်နဲ့ လုံခြုံစေမယ်...