Part...23

642 91 50
                                    

For Unicode

"စစ်သူကြီးက မင်းသားလေးကို တစ်သက်လုံးစောင့်ရှောက်သွားမှာမလို့ မင်းသားလေးတစ်ဘဝလုံးပျော်ရွှင်စေရမယ်" တဲ့။

ကတိမတည်တတ်တဲ့လူတွေကို မုန်းတဲ့မင်း...။
မင်းကိုယ်တိုင်ကတော့ ကတိတည်မယ်မလားTae။

မင်းကိုယ်တိုင်ပေးခဲ့တဲ့ကတိဆိုတော့ ကတိဖျက်ဖို့မကြိုးစားပါနဲ့။သက်သေအနေနဲ့ ကြယ်လေးတွေရော လမင်းကြီးရောရှိနေတာမလို့။သူတို့ကတော့ပြောတယ် ကတိမတည်ရင် မင်းကိုခွင့်မလွှတ်ဘူးတဲ့။ဒီတော့ မင်းကတိတည်ပေးနော်။
ကတိတည်ရင် ငါကပိုချစ်ပေးမှာမလ်ို့....ငါ့သူငယ်ချင်းလေးကို။

___________________________

တစ်ရက်ပြီး တစ်ရက်ကုန်လွန်သွားတိုင်း
သူနဲ့ကျွန်တော့်ရဲ့ ပျော်စရာအခိုက်အတန့်လေးတွေက ကျွန်တော်တို့နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ ပိုပိုလို့သာတိုးလာခဲ့ပါတော့တယ်။ ဒါကို ရိုးသားပါတယ်လို့ပြောရင်တော့ လိမ်ရာကျမှာပေါ့။

ချစ်ပါသည်။သူငယ်ချင်းတစ်ယောက်လိုတော့မဟုတ်။

ချစ်ပါသည်။ညီအစ်ကိုတွေလိုတော့မဟုတ်။

ချစ်ပါသည်။ချစ်သူတစ်ယောက်ဆိုတာထက် သာလွန်တဲ့အချစ်မျိုးနဲ့။

ပိုင်ဆိုင်ရသည်ဖြစ်စေ၊စွန့်လွှတ်ရသည်ဖြစ်စေ သူပျော်ကိုဖို့ပဲ မျှော်လင့်ပါသည်။

ကျွန်တော်သူ့ဘေးမှာရှိနေမှသူပျော်မယ်ဆိုရင် ဘယ်လိုအခက်အခဲ၊အတားအဆီးတွေပဲလာလာ နောက်ဆုံးအချိန်ထိလက်မလွှတ်တမ်းတွယ်ကပ်ပြီး သူ့အနားမှာရှိအုံးနေမည်။

ကျွန်တော်သူ့ဘေးမှာမရှိမှသူပျော်မယ်ဆိုရင်တော့....ကျွန်တော်ဆိုတဲ့ဖြစ်တည်မှုက သူ့ဘေးကနေ ထာဝရပျောက်ကွယ်သွားပေးမှာပါ။

ဒါသူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့အတ္တမပါ
ဖြူစင်တဲ့ချစ်ခြင်းမေတ္တာ~~~~~~~

___________________________

မကြာခင်ကျောင်းတွေလည်းပြန်ဖွင့်တော့မည်။ကျောင်းမတက်ရတာကြာတော့ ကျောင်းကိုတော့လွမ်းသား။ကျောင်းဖွင့်မှပျင်းဖို့ပဲကျန်တော့တယ်။

ငယ်ချစ်ပုံပြင်(ငယ္ခ်စ္ပုံပြင်)(Completed)Where stories live. Discover now