“ ကိုကို ဟင့်”
“ ဟင် ရိပေါ်လေး ဘာဖြစ်လာတာလည်း? ”
သူစာလုပ်နေတဲ့နားကို ငိုမဲ့မဲ့မျက်နှာလေးနဲ့ ရောက်လာသူက ၀မ်ရိပေါ်လေး။ ဒီအိမ်ကိုရောက်ပြီး ခြောက်လလောက်အကြာမှာ တစ်ဦးထဲသားရှောင်းကျန့်နဲ့ ဒီကလေးလေးနဲ့ အရမ်းရင်းနှီးသွားရပြီ။အချိန်တိုင်းလိုလို ဝါဂွမ်းလုံးလေးက ရှောင်းကျန့်အခန်းထဲရောက်နေတတ်တာဖြစ်သည်။
“ သားလေ လမ်းထိပ်က ဖက်ထုပ်ပေါင်းစားချင်နေတာ ၊ မေမေက မစားရဘူးတဲ့ ဟင့် ”
ရှုံ့မဲ့မဲ့နဲ့ပြောလာသူလေးက နှုတ်ခမ်းလေးစူလို့၊ စကားပြောလိုက်တိုင်းလှုပ်ရှားသွားတဲ့ ပါးဖောင်းဖောင်းလေးတွေက တအိအိ။ အလယ်တန်းကျောင်းသားဆိုပေမယ့် ရိပေါ်လေးက သူ့မျက်လုံးထဲသုံးနှစ်သားလေးလိုဖြစ်နေသည်။
အလိုမကျတဲ့ မျက်နှာလေးက သူ့နားကပ်ချွဲနေတော့ ရှောင်းကျန့်အရည်ပျော်ရ၏။“ ရိပေါ်လေး စားချင်ရင် ကိုကိုက ၀ယ်ကျွေးမှာပေါ့။ အိုက်ယား မငိုရဘူးနော် လာပါအုံးကိုကို့ဆီ”
ရင်ခွင်ထဲ တိုးဝှေ့လာသူလေးကို ပွေ့ချီပြီးပေါင်ပေါ်ထိုင်စေတော့ သူ့ရင်ခွင်ထဲ ကလေးလေးက ခေါင်းလေးတိုးဝှေ့လို့
။၀မ်ရိပေါ်က ကြောင်ပေါက်လေးလိုနူးညံ့၏။ချွဲလည်းချွဲတတ်သည်
ဒီကလေးလေး သူ့ဆီ ကပ်ချွဲတိုင်း အလိုလိုက်ပေးချင်တဲ့ စိတ်တွေကလည်း တားဆီးမရဖြစ်ရ၏။
YOU ARE READING
One Step To You___{Completed}
Fiksi PenggemarZhanyi /Married life 🖤 Start 18/10/2021