သူတစ်ခါမှ မမြင်ခဲ့မသိခဲ့ဖူးသည့် သူစိမ်းလူတစ်ယောက်အရှေ့တွင် မိမွေးတိုင်းဖမွေးတိုင်း ကိုယ်တုံးလုံးချွတ်နေရလိမ့်မည်ဟု Jonginတစ်ခါမှမတွေးဖူးခဲ့ပါ...
''မင်းအဆင်ပြေရဲ့လား Shixun...''
''………………''
''အဆင်မပြေရင် ကိုယ့်ကိုထားခဲ့ပြီး အပြင်မှာစောင့်နေShixun! လိုအပ်မှ ကိုယ်လှမ်းခေါ်လိုက်မယ်...''
ကောင်လေးဆီက ဘာသံမှ မကြားရပဲ ရေပန်းဖွင့်သံကိုကြားလိုက်ရပြီး သိပ်မကြာ သူ့ခြေထောက်အောက်ပိုင်း စိုစွတ်သွားခဲ့ပါသည်။
''ပေး..ပေး... ရေပန်းကိုယ့်ကိုပေး...! ကိုယ့်ခန္ဓာကိုယ်တွေကို အရင်ရေစွတ်လိုက်ဦးမယ်...''
°~°~°~°~°~°~°~°~°~°~°~°~°~
Kim Jongin၏ထူထည်းနက်စိုနေသည့် ဆံသားတွေကို ရေနွေးနွေးဖြင့် ဖြည်းဖြည်းခြင်း ဆေးချပေးလိုက်ပါသည်။
''ရပြီ...ရပြီ...! ဒီလောက်ဆို ဆပ်ပြာပြောင်ပါပြီ..''
ခေါင်းလျှော်ပေးပြီးသည့်နောက် မျက်နှာသစ်ဆပ်ပြာအား လက်ဖဝါးနှစ်ဘက်တွင် အမြှုပ်ထွက်အောင် ပွတ်လိုက်ပြီး ပါးနှစ်ဘက်အား ဖြည်းဖြည်းခြင်း ပွတ်သုတ်ပေးလိုက်ပါသည်။
ဒီမျက်ခုံး ဒီနှာခေါင်း ဒီနှုတ်ခမ်းတွေကို သူပိုင်ခဲ့တာတဲ့လား...
Kim Jonginရဲ့မျက်နှာကို ပျောက်ကွယ်သွားမှာစိုးသည့်အလား တစိမ့်စိမ့်ကြည့်နေမိသည်။
ဒီတစ်ခါတော့ သူဒီလူ့လက်ကိုမလွှတ်နိုင်တော့ပေ...
''ဟေး... ဒီလောက်ဆိုရပြီ ကိုယ့်မျက်နှာကို ရေဆေးချပေးပါဦး...''
''………………''
မျက်နှာလည်းသစ်ပြီးသွားပြီဆိုတော့ ခန္ဓာကိုယ်ကို ဆပ်ပြာတိုက်ပေးဖို့ကျန်သည်။
တွေးမိတော့ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများပင် ထောင်ထလာသည်။
ကိုယ်တိုက်ဆပ်ပြာအား လက်ဖဝါးထဲထည့်လိုက်ပြီး မျက်စိရှေ့မှာတွေ့ရသည့် မို့မောက်နေသော ရင်အုံအား ပွတ်တိုက်လိုက်ပါသည်။
နွေးထွေးမှုတို့သည် လက်ဖဝါးမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကြသည်။