5

11.8K 310 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


ဒီနေ့သည်နှင်းဖူး၏high school graduation dayဖြစ်သည်ကြောင့်တစ်အိမ်လုံးအလုပ်ရှုပ်နေကြသည်။

ရေးသူရနိုင်သည်နေပြည်တော်သို့မနေ့ညနေကတည်းကပြန်ရောက်လာခဲ့ခြင်းဖြစ်ပြီးကိုကိုကတော့ဒီနေ့မနက်အစောပိုင်းလေယာဉ်နဲ့မှတက်လာမှာဖြစ်သည်။

ဘွဲ့နှင်းသဘင်မှာမနက်(၈)နာရီတွင်ကျင်းပမည်ဖြစ်သည်ကြောင့်မိုးမလင်းခင်ကတည်းကပင်နှင်းဖူးနှင့်မေမေမှာမိတ်ကပ်ဖန်တီးရှင်များနှင့်အလုပ်ရှုပ်နေလေ၏။

ဘွဲ့ဝတ်ရုံအောက်၌ဝတ်ဆင်ရန်ဂါဝန်အကျပ်နှင့်ဒေါက်ဖိနပ်ကိုလွန်ခဲ့သောတစ်လကျော်ကတည်းကကိုကိုမှပို့ပေးခဲ့သည်။

မိတ်ကပ်ဆံပင်ပြင်ပြီးသွားချိန်မနက်(၆)နာရီကျော်သွားပြီဖြစ်သော်လည်းအလုပ်ပြီးပြီးချင်းမနက်(၄)နာရီလေယာဉ်ဖြင့်ထွက်လာပြီဟုပြောခဲ့သောကိုကိုသည်အခုအချိန်ထိရောက်မလာသေးတာကြောင့်နှင်းဖူးစိုးရိမ်လာ၏။

ကိုကိုလမ်းခရီး၌အဆင်ပြေပါရဲ့လား။အချိန်မီရောက်လာနိုင်ပါ့မလား။အစရှိသဖြင့်နှင်းဖူးတစ်ယောက်အတွေးများနေစဉ်မှာပဲနှင်းဆီဖြူပန်းစည်းတစ်ခုကိုကိုင်၍အခန်းထဲသို့ဝင်လာသောကို့ကို့ကိုတွေ့လိုက်ရသည်။

ကိုကိုသည်အခန်းအတွင်းသို့ဝင်ဝင်ချင်းနှင်းဖူး၏နဖူးလေးကိုဖိကာနမ်းလေသည်။

နှုတ်ခမ်းလေးစူပြလိုက်တော့ကိုကိုတစ်ယောက်သဘောပေါက်စွာနှင်းဖူး၏နှုတ်ခမ်းပါးလေးကိုတစ်ချက်ထိရုံနမ်းလေ၏။သို့သော်ဘေးတွင်မေမေအပြင်မိတ်ကပ်ဖန်တီးရှင်အချို့ပါရှိနေသည်ကြောင့်ကိုကိုသည်တစ်ချက်ဆတ်ခနဲနမ်းပြီးနောက်ပြန်ခွါလိုက်၏။

"ဘာလို့နောက်ကျနေတာလဲ" မှန်ရှေ့၌ထိုင်နေလျက်နှင့်ပင်ကို့ကို့ကိုမျက်စောင်းထိုးလိုက်သည်။

ကိုကိုသည်လက်ထဲရှိနှင်းဆီဖြူပန်းစည်းကိုကမ်းပေးလာရင်း "ဒါသွားယူနေတာ"ဟုပြောလာသည်။

ခန့်မှန်းခြေအပွင့်(၁၀၀)လောက်ရှိမည်ဖြစ်သောနှင်းဆီပန်းများအားအနီးကပ်ကြည့်လိုက်လေတော့ပန်းရိုးများ၌အဆူးမရှိဘဲနှင်းဆီကိုင်းများမှာရွှေရောင်ဖြစ်နေမှန်းတွေ့ရှိရသည်။

《 ALYA 》Tempat cerita menjadi hidup. Temukan sekarang