⚜️မြေပြင်မှာကြွေ ခြေအစုံမှာခ ⚜️
Ep ❁ 1
တစ်မိသားစုလုံးအရှက် သိက္ခာရှိဖို့
ဘဝကြီးတစ်ခုလုံးကို သူကပေးဆပ်
ရမည်တဲ့။သွေးမာန်ဘဝမှာ မိဘတွေ
မရှိတော့တာမဟုတ်ပေမဲ့ မရှိတော့
တာ နှင့်ဘာမှမခြားပေ။အငယ်လေး
ကတည်းက မိခင်ကနောက်အိမ်ထောင်
ပြုသွားသလို ဖခင်က လည်းနောက်
မိန်းမနှင့်။အရင်ပြုတာက ဖခင်ဖြစ်ပေမဲ့ဘယ်
သူကတော်သေးတာ်ဆိုပြီးသွေးမာန်
ပေါ့ပေါ့လျော့လျော့တွေးပေးခဲ့တာမဟုတ်။
အဖေကိုရော အမေကိုရောမခင်
တွယ်တတ်တော့ပေ။"ကောင်မလေးက တစ်ခုလပ်ဆိုပေ
မဲ့ မင်းအကိုရဲ့မိန်းမပဲသားရယ်""အဓိပ္ပာယ်မရှိတာ အဘရာ.."
ညီးညီးညူညူနှင့် သွေးမာန်မျက်နှာ
ကြောင့် ဦးကြီး မွမ်း မျက်နှာ'ခက်တယ်'
ဖြစ်သည်။မျက်နှာအား ဖိပွတ်လိုက်၊
စိတ်ပျက်ပျက်နှင့်မျက်နှာခပ်လွှဲလွှဲဖြစ်လိုက်
နေတာအား သက်ပြင်းတစ်ရှိုက်
နှင့် ဦးကြီးမွမ်းကြည့်ကာသွေးမာန်
၏ဘေး၌ပိုထိကပ်ထိုင်လိုက်သည်။
နားဝင်အောင်ချော့မော့ပြောတော့
မှာမို့ ပုခုံးကိုဖိဆုပ်သည်။"သား.."
ခေါ်၍ငဲ့ကြည့်လာပေမဲ့ မျက်နှာဖြူ
ဝင်းဝင်းက ညိုမှောင်နေလိုက်တာ။"သား အကိုကအက်ဆီးဒန့်ကြောင့်
အောက်ပိုင်းမကောင်းတော့တာ သား
လဲစိတ်မကောင်းဘူးမလား?""ဒါပေမဲ့..."
ပြောချင်ပေမဲ့ဘာကိုပြောရမှန်းမ
သိတော့ သွေးမာန် မချင့်မရဲနှင့်ပဲ
ငြိမ်သွားသည်။"ကောင်မလေးကတောသူမလေး။
မင်းအကို ခေါ်တဲ့နောက် အရဲစွန့်ပြီး
သူ့မှာလိုက်ခဲ့ရရှာတာ။"