လွမ်းစရာရှိလျှင် နာစရာနှင့်ဖြေတဲ့ ။
နာစရာကင်းမဲ့နေခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားများဖြင့် လွမ်းဆွတ်မှုအတွက်ကျတော့ကော ။ ဖြေစရာ ဖြေဆေး အဘယ်မှာနည်း ။ဆုတောင်းဆိုသည်မှာ သစ္စာဆိုခြင်းပင် ။
အကြင်သူ ထိုလူသားအတွက်သာ
အကျွန်ုပ်၏ နှလုံးသားတစ်စုံဟာ အမြဲတမ်းထာဝရရှင်သန်နေနိုင်ပါစေသား ။ ။( အဆုံးမဲ့ခြင်း )
1578 ခုနစ် ။ ။
အင်္ဂလိပ်မျက်နှာဖြူများ၏ ကျူးကျော်အုပ်ချုပ်ခြင်းကို ခံယူနေခဲ့ရပါသော အချိန်ကာလ အပိုင်းအခြားဖြစ်သည် ။ ။ချက်ကျလက်ကျဖြင့် အတိအလင်း
ဖော်ပြခြင်းကိုခံယူထားခဲ့ရပါသော ဇာတ်ကြောင်းများအတွက်ကတော့ " ရာဇဝင် " ဆိုသည့် ခေါင်းစဥ်တစ်ခုရဲ့အောက်ကနေမှ လူသားများ၏ အလေးအနက်ထားခြင်းကို ခံယူရလေသည် ။ ။ပြည့်စုံတိကျသေချာခြင်း မရှိခဲ့ပါသည့်
ဇာတ်ကြောင်းများအတွက်ကတော့ " ပုံပြင် " ဆိုသည့် ခေါင်းစဥ်တစ်ခုရဲ့အောက်ကနေမှ လူသားများ၏ အမြတ်တနိုးထားခြင်းကို ခံယူရလေသည် ။ ။တကယ်တမ်းကျတော့ " အတုအယောင် "
နှင့် " အစစ်အမှန် " ဆိုသည်မှာ တန်ဖိုးထားတတ်သည့် လူတွေအတွက်တော့ သတ်မှတ်ချက်သက်သက်သာ ဖြစ်သည် ။ ။အကျွန်ုပ်တို့ နှစ်ဦးသား၏ ဇာတ်ကြောင်းလေးဟာလည်း တစ်ချိန်ချိန်တုန်းကတော့ မျိုးဆက်နှင့်ချီကာဖြင့် လူအများ၏ပါးစပ်ဖျား၌ ပြောစမတ်တွင်စရာဖြစ်ခဲ့ရပါသည် ။
အနှေးမမြန်အနေအထားဖြင့်
စည်းချက်ကျကျလည်ပတ်နေခဲ့ပါသော ခပ်မှိုင်းမှိုင်းအရောင်အသွေးရှိသည့် ဓာတ်ပြားချပ်ဆီမှ ထွက်ပေါ်နေခဲ့တဲ့ တေးသီချင်းသံသာဟာ တယောသမားများ၏ တီးခတ်မှုနှင့် လိုက်ဖက်ညီနေခဲ့လေသည် ။အရာရှိမင်းဂျိမ်းစ်၏ စံအိမ်တော်ကြီး ။
လွန်ခဲ့သော သုံးနှစ်ခန့်ကနေစတင်ကာဖြင့်
သားလေးတစ်ဦးဖွားမြင်ထားခဲ့ပြီး မုဆိုးမ တဖြစ်လဲဖြစ်သည့် ပက်သခင်မကြီးအား အိမ်သူအနေနဲ့ လက်ထက်ပေါင်းသင်းနေထိုင်ခဲ့ပါသော တပ်ကြပ်ကြီးဂျိမ်းစ်ဟာ ယနေ့အချိန်အခါ၌ အရာရှိမင်းတစ်ဦးအဖြစ်သို့ ရာထူးအပ်နှံခြင်းကိုခံယူလာခဲ့ရ၏ ။
YOU ARE READING
အဆုံးမဲ့ခြင်း (Completed)
Fanfictionကံကြမ္မာဆိုတာကို ယုံကြည်လား ။ (Do you believe in destiny? ) ကံၾကမၼာဆိုတာကို ယုံၾကည္လား ။ (Do you believe in destiny?) (UNI CODE + ZAWGYI CODE )