Unicode
အခုတလော SHL BTS တွေ ကြည့်ပြီး JunZhe တို့ရဲ့ Sweet Moment လေးတွေကို အရမ်းချစ်လွန်းလို့ JunZhe တို့ရဲ့ Real Life လေးနဲ့ နီးစပ်မယ့် Fan Fic လေး ကိုရွေးချယ်ပြီး ကိုယ့်ရဲ့ တတိယမြောက် ဘာသာပြန် Fic လေး အနေနဲ့ မျှဝေပေးလိုက်ပါတယ် ကြက်ဥလေးတို့ရေ ...အားပေးကြပါဦးလို့! JunZhe Real Life လေးကို အခြေခံပြီး ဖန်တီးထားတာဖြစ်လို့ Idol Image ထိခိုက်သွားတာတို့ တစ်ခုခုစိတ်အနှောင့်အယှက်ဖြစ်သွားတာတို့ ရှိရင်လဲ ကြိုတင် တောင်းပန်ပါတယ်နော် 🥰🥰🥰
Crd: Original Authorအပိုင်း (၁)
ကုန်းကျွင့်သည် "Tian Ya Ke" ဇာတ်ညွှန်းကိုလက်ခံရရှိသောအခါဝမ်းခဲ့ရှင်ဇာတ်ကောင်အပေါ်များစွာ စိတ်ဝင်စားမိသည်။ သူသည်ထိုအခွင့်အလမ်းကို လက်မလွတ်နိုင် ပေ။ ကင်မရာစမ်းသပ်စစ်ဆေးမှုနှစ်ခုအပြီးတွင် ကုန်းကျွင့် သည် "ဝမ်းခဲ့ရှင်" အဖြစ်သရုပ်ဆောင်ရန်ရွေးချယ်ခံခဲ့ရသည်။ ထို့နောက်သူကအခြားသရုပ်ဆောင်တစ် ဦး ဖြစ်သူမှာ ကျန်းကျယ်ဟန့် ဟုသိလာရသည်။ ကုန်းကျွင့်သည် ဤ နာမည်ကိုကြားဖူး ရုံသာရှိသော်လည်းသူ့အကြောင်း အသေးစိတ်ကိုမူမသိခဲ့ပေ။ သူက အဆိုပါ ကျန်းကျယ်ဟန့် ဆိုသူ အကြောင်းကို အင်တာနက် ပေါ် တွင် ရှာဖွေကြည့်လိုက်သည်။
ကျန်းကျယ်ဟန့် ၁၉၉၁ ခုနှစ်မေလ ၁၁ ရက်နေ့တွင်မွေးဖွားခဲ့ပြီး ရှန်ဟိုင်းပြဇာတ်အကယ်ဒမီမှဘွဲ့ရခဲ့သည် ။.၂၀၁၀ တွင် ပွဲ ဦး ထွက်ဇာတ်ကားစတင်ရိုက်ကူး ခဲ့သည်။ ကျန်းကျယ်ဟန့် က သူ့ထက်တစ်နှစ်သာကြီးသည်၊ ဒါပေမယ့်အနုပညာ လောကမှာတော့ သူ့ရဲ့ စီနီယာ ... သူက ကျန်းကျယ်ဟန့် ၏ အတော်လေးလူကြိုက်များသော ဇာတ်ကားများကို လေ့လာကြည့်ရှုလိုက်သည်။ အများစု သည်ရေခဲ သမျှအေးစက်တည်ငြိမ်သော မင်းညီမင်းသား ဇာတ်ကောင်များ ဖြစ်သည်။ သူသည်ကျန်းကျယ်ဟန့်၏ အမျိုးမျိုးသော Variety Show ဗီဒီယိုများ၊ ပြိုင်ပွဲများ ဗီဒီယို များ ကို ကြည့်ရှုပြီး " အင်း တကယ့် ကို အမြဲတက်ကြွနေတဲ့ အားကစား သမား တစ်ယောက်ပဲ "ဟု မှတ်ချက်ချမိသည်။
ကုန်းကျွင့် က ကျန်းကျယ်ဟန့် ကဲ့သို့ သော တည်ငြိမ်ရင့်ကျက်သော အားကစား သမားတစ်ဦး ကို ကျိုးကျစ်ရှူး ဆိုတဲ့ ဇာတ်ကောင်ရဲ့နူးညံ့တဲ့အလှတရားနဲ့ ဘယ်လိုမှ တွဲဖက်မြင်ယောင်ကြည့်လို့ မရအောင် ဖြစ်နေမိသည်။ သူကစဉ်းစားနေစဥ်မှာပင်စားပွဲပေါ်ကဖုန်းကမြည်လာသည်။
BẠN ĐANG ĐỌC
Uncontrollable Love (Completed)
Fanfictionကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...