ငု၀ါတွေကိုချစ်တဲ့သူရေ..
ငု၀ါပွင့်ချိန်ကျ ကိုယ့်ဆီပြန်ခဲ့မလားကွယ်။ဒီနေ့မဟုတ်လည်း နောက်နေ့
ဒီနှစ်မဟုတ်လည်း နောက်နှစ်ပေါ့။ကိုယ်က ချစ်တဲ့အကြောင်းတွေ
စိတ်ထဲမှတ်ရင်း စိတ်ရှည်ရှည်စောင့်ပါ့မယ်။အို..ငု၀ါတွေကို ချစ်တဲ့သူရေ
တစ်ချိန်ချိန်ကျ ကိုယ့်ဆီပြန်ခဲ့ပါဦးကွယ်။***********
ဘယ်ရပ် ဘယ်ဆီက တိုက်သည့် လေပြေရယ်ကြောင့်မသိ။ရော်ရွက်၀ါတို့က မြေခရန်ဟန်ပြင်သည်။
မြေမခခင် သူတို့ဟာလည်း အကြွေလှကြောင်းကို လေပြေအဝှေ့၌ ယိမ်းနွဲ့သရုပ်ဖော်သည်။"အလင်္ကာ ဘယ်သွားမလို့လဲ"
"ဟိုနားဒီနားပေါ့"
ပုံရိပ်ငယ်က အပြုံးဖျော့တော့တော့ပေးရင်း
ပြန်ဖြေသည်။"ပြန်လာခဲ့နော်"
ရုန်းနေသူကို လွှတ်ပေးရန်ဆန္ဒမရှိ။
လက်ကောက်၀တ်လေးအား ခပ်တင်းတင်းဆွဲထားတော့ ချစ်ရသူက ပို့လို့ပင်ရုန်းသည်။အသနားခံမျက်၀န်းတွေကြားမှာ ဒီပါမောင်ဟာ အပြိုပြိုအလဲလဲ။"သွားပါ ဒါပေမဲ့.."
"ဒါပေမဲ့..ပြန်လာခဲ့ရမယ်"
လက်လွှတ်လိုက်တာနဲ့ ချက်ချင်း ပြေးထွက်သွားတဲ့
ပုံရိပ်ငယ်လေးဟာ မြူမှုန်တွေကြား တိုး၀င်ရင်း
၀ိုးတိုး၀ါးတား ပျောက်သွားခဲ့သည်။နောက် ရယ်သံ။
ပဲ့တင်သံထပ်နေတဲ့ ရယ်သံသဲ့သဲ့။
ခိုးခိုးခစ်ခစ်ရယ်သံမဟုတ်ဘဲ ဒါဟာ လှောင်သလို
ခနဲ့သလိုလိုရယ်သံမျိုး။ဟက်ဟက်ပက်ပက်ကို
အော်ရယ်နေခဲ့တာ။ဘာတွေများ ရယ်စရာတွေ့သလဲ ချစ်ရသူ။နောက်ပြီး မျက်ရည်။ချစ်သူ့မျက်ရည်တွေဆိုတာ ဆည်ကျိုးလာသလို ဒလဟော။ဘာကြောင့်များ
ငိုရသလဲအချစ်ရယ်။မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျနေတဲ့ အလင်္ကာ့ကို မြင်ရတာ ကျွန်တော့်အတွက် နေလိုမီးလို ပူလှပါသည်။တစ်သသဖြင့် လွှတ်ပေးလိုက်ရသည့်
လက်ကောက်၀တ်ငယ်လေးအား ကျွန်တော်
အားပါပါနှင့် ဆုပ်ကိုင်ခဲ့မိ၍ သူငိုသည်လား။
YOU ARE READING
"မောင့်ကိုယုံလို့ ပုံအပ်ပါ့မယ်"
Romanceရင်ခွင်ထဲ၀င်ပြီး မောင်လို့သာခေါ်ကြည့်စမ်းပါ။ မောင်လေ ဒူးထောက်ဆိုလည်းထောက်ပါ့မယ်။ လက်မြှောက်ဆိုလည်းမြှောက်ပါ့မယ်။ အရာအားလုံး မင်းအလိုကျပေါ့ ချစ်ရသူ။