A

910 49 30
                                    

Unicode





သာယာပြီး ကြည်လင်နေတဲ့ကောင်းကင်ပြာဟာ သူ့စိတ်အနေနဲ့ မြူမှုန်လောက်တောင်လိုက်ဖတ်မှုရှိမနေပါ
စိတ်တိုတိုနဲ့ အရှေ့က ကိုလာဗူးခွံကို ခြေထောက်နဲ့ဦးတည်ချက်မဲ့စွာကန်လိုက်ရင်း တစ်ခါထဲ လေပူတွေကိုပါမှုတ်ထုတ်မိသည်။

"အ! ဟေး!!! ဟိုတစ်ယောက်"

ကိုယ်ဘာသာကိုယ် ဖုန်းဂိမ်းဆော့နေရင်း ဘယ်အရပ်ကလွင့်လာတဲ့ ဘာကြီးမှန်းမသိတဲ့အရာတစ်ခုက ကိုယ့်နောက်စိကို လာမှန်သည်။
ကြည့်လိုက်မိတော့ ကိုလာဗူးခွံတစ်ခု

ခြေဆော့တာလား လက်ဆော့တာလားမသိတဲ့ ပိုင်ရှင်ကို မျက်လုံးကစားရင်းရှာမိတော့ ကျောင်း coat အကျီထဲကို လက်နှိုက်ကာ သေးသွယိတဲ့ခြေတံရှည်တွေနဲ့ ကျောက်ခဲသေးသေးလေးတွေကို ကစားနေတဲ့အထက်တန်းကျောင်းသူတစ်ယောက်။

လက်မောင်းအရင်းကနေ လှမ်းဆွဲလိုက်တဲ့အခါမှာ အရှိန်ပါတာမလို့ ပျံ့လွင့်လာတဲ့ ရေလှိုင်းသဏ္ဌာန်ဆံနွယ်ရှည်တွေက
သူ့မျက်နှာကိုလာရိုက်ခတ်သည်။

ထိလုမတတ် တွန့်ချိုးထားတဲ့ ခပ်ပါးပါးမျက်ခုံးတစ်စုံပိုင်ရှင် ထိုမိန်းကလေးဟာ ကိုင်ထားတဲ့ လက်မောင်းကို အလျင်အမြန်ခါချရင်း ရန်တွေ့လာသည်။

" ဘာလဲ ဘာလဲ ဘာကိစ္စလဲ"

ဟာ.. အလာလေးပါလား.. သူမသိတဲ့အကြောင်းအရင်းတစ်ခုကြောင့်စိတ်တိုနေပုံရတဲ့ ထိုမိန်းကလေးဟာ အကျီလက်တွေကိုခါရင်း ရှုးရှူးရဲရဲနဲ့ နှာမှုတ်နေသည်။ ဒေါသထွက်နေတာကြောင့် အရှေ့သို့အနည်းငယ်ဆူထွက်နေတဲ့ မထူမပါး ပန်းနုရောင် နှုတ်ခမ်းတစ်စုံဟာ ပုရိသတို့
ငေးကြည့်ချင်စရာ...။

"ဟာ.. မင်းလေး ခြေသရမ်းပြီးကန်လိုက်တဲ့ ကိုလာဗူးခွံက ငါ့ခေါင်းကို လာထိတာလေ အဲ့တော့တောင်းပန်"

"ရှင်ဘာလို့ အဲ့နားမှာထိုင်နေလဲ တခြားနေရာထိုင်ပါ့လား ဒီလောက်ခုံတွေပေါနေတာကို"

အိမ်ကထွက်လာကတည်းက မကြည်နေတဲ့စိတ်တွေဟာ အရှေ့က အရပ်ရှည်ရှည်နဲ့ နှုတ်ခမ်းသားထူထူပိုင်ရှင် လူကြောင့် လေထဲသို့ပေါက်ကွဲကာထွက်လာရသည်။ ဒီအခြေအနေမှာ သူမမှားမှန်းသိသော်လဲ တောင်းပန်ချင်စိတ်ရယ်လို့တစ်စိုးတစ်စိမှမရှိ။

Nearest But LostWhere stories live. Discover now