Chapter-16(ဆက်ဆံရေး)

5.4K 195 11
                                    

Unicode Ver

(16)ဆက်ဆံရေး

~တီးတောင်....တီတောင်~
ဘဲလ်သံကြောင့်ရှားမှူးနိုးလာခဲ့တယ် သူ့လက်မောင်းကြားကသူမလေးကတော့အပြစ်ကင်းစွာနဲ့အိပ်နေတုန်းပဲ သူမခေါင်းလေးကို ခေါင်းအုံးပေါ်တင်၊စောင်
လုံအောင်ခြုံပေးလိုက်တယ်

ကုတင်အောက်မှာတော့ ချွတ်ထားတဲ့အကျ်ီတွေက
ပြန့်ကျဲနေတယ်၊ပြီးတော့ သုံးပြီးသားအခံတွေနဲ့
ပစ်ချထားတဲ့ XXL 0.01 ဆိုတဲ့အခွံတွေကလဲပြန့်ကျဲနေတယ် အောက်က bath wear ဝတ်စုံဝတ်ပြီး
အခန်းပြင်ကိုထွက်သွားတော့တယ်
........
ပိတ်သွားတဲ့အခန်းတံခါးကြောင့်နိုးလာတဲ့မိန်းကလေး နာကျင်မှုပင်ပန်းနွမ်းနွယ်မှုနဲ့အတူ နိုးထလာခဲ့တယ် ညကအဖြစ်အပျက်တွေကိုပြန်တွေးမိတော့ ရှက်ရွံ့မှုကြောင့် ထထိုင်လိုက်တော့ လျော့ကျသွားတဲ့စောင်

သူမခန္ဓာကိုယ်နေရာတိုင်းမှာ အချစ်အမှတ်အသား
တွေနဲ့ပြည့်နက်နေတယ် တစ်ချို့နေရာတွေဆို အညို
ရောင်တောင်ဖြစ်နေတယ်။
'သူဘာလို့ငါ့ကို ဒီလိုလုပ်ရတာလဲ ငါ့ကိုလက်စားချေ
ချင်လို့ပဲလား ဒါမှမဟုတ် ငါ့ကို ချစ်.....'
'မဟုတ်ဘူး....သူကငါ့ကိုမုန်းနေတာလေ'
'ဟုတ်တယ်ဒါက လက်စားချေယုံပဲ'

ကျလာတဲ့မျက်ရည်စက်ကိုသုတ်လိုက်တယ်။
စောင်ကိုရင်ဘတ်မှာပတ်ပြီး ကုတင်ပေါ်ကဆင်း
လိုက်တယ် နာကျင်နေတဲ့ခါးကိုလျစ်လျူရှုပြီး သူမ
အဝတ်တွေကိုကြည့်တော့ အပေါ်ကုတ်တစ်ထည်ထဲ
ဝတ်လို့ရတဲ့အခြေအနေမှာရှိနေတယ် နာရီကိုကြည့်
တော့ ၉နာရီထိုးနေပြီ

ကုတင်ဘေးသူမအိတ်ထဲက ဖုန်းကိုကြည့်ကြည့်တော့ miss call ပေါင်းများစွာနဲ့၊ သူမမနေ့ကအသံ
ပိတ်ထားမိတယ် ဖုန်းကိုဖွင့်ပြီးနံပါတ်တစ်ခုစီကို...

~တူ တူ...ဟယ်လို မာမီ~

"Sorry သားမာမီမနေ့ကအလုပ်ရှုပ်နေလို့ မမြင်လိုက်
တာ အန်တီရောဘေးမှာရှိလား"

"အန်တီကအနောက်မှာ မာမီဘယ်တော့ပြန်လာမှာလဲဟင် "

"မာမီခဏနေပြန်လာခဲ့ပါ့မယ်ကွယ်... "

"မာမီနေမကောင်းဘူးလားဟင် အသံဝင်နေသလိုပဲ"

"နေကောင်းပါတယ် ချစ်လေးရယ်"

မေ့မရနိုင်သူWhere stories live. Discover now