အခန်း-၄
"အင်း.. တောင်ကြီးနဲ့ သိပ်မဝေးစေနဲ့"
လွှတ်ခနဲ ပြောလိုက်မိတယ်။ ထပ်ပြီးတော့ အာရုံစိုက်လိုက်မိတာပဲ။ ဒီနေ့ပြီးရင် ငါးရက်အတွင်း တောင်ကြီးမှာ တွေ့ဆုံမှု တစ်ခုကို ဦးစစ်က လုပ်ရလိမ့်မယ်။
အရင်ဘဝတုန်းကတော့ ကျွန်တော် ရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီဘဝမှာ ဦးစစ်နားမှာ လူတစ်ယောက် လျော့သွားပြီလို့ ဆိုနိုင်တယ်။ အဲဒီတစ်ချိန်တုန်းက ဦးစစ်က တစ်ဖက်လူတွေက မယုံရဘူးလို့ ခန့်မှန်းခဲ့တယ်။ ဒါပေမဲ့ မဖြစ်မနေ သွားဖို့ အကြောင်းအရင်း ခိုင်လုံတယ်လို့ ဆိုတယ်။
ပြီးတာနဲ့ သောကကိုရော ကျွန်တော့်ကိုပါ ခေါ်သွားခဲ့တယ်။ ဦးစစ်ခန့်မှန်းတဲ့အတိုင်းပဲ အဲဒီနေ့မှာ ပြဿနာ ဖြစ်ခဲ့တယ်။ ဦးစစ်ကို သေနတ်မှန်တော့မလို့ သီသီလေးပဲ လိုတယ်။
ဒီတစ်ကြိမ်တော့ ကျွန်တော်မပါတော့ဘူး။ သောက တစ်ယောက်တည်းက ဟိုဘက်က အုပ်စုနဲ့ ရင်ဆိုင်နိုင်ပါ့မလား ဆိုတာ ကျွန်တော် မသိဘူး။ သောကက သိပ်ကို စိတ်လိုက်မာန်ပါ ဖြစ်လွန်းတယ်။
"ဒါဆို တောင်ကြီးကိုပဲ လက်မှတ်ဖြတ်လိုက်မလား"
"မင်း ဖြတ်ချင်တဲ့ဆီ ဖြတ်လိုက်"
နေပါစေတော့။ ဝင်မပါတော့ဘူး။
တကယ်ပဲ ခရီးက တောင်ကြီးကို ဖြစ်တယ်။ စိုင်းလွန်းကို တစ်ချက် ကြည့်မိပေမဲ့ ကျွန်တော် ကားပေါ်ကို တက်လိုက်တယ်။
အရင်ဘဝတုန်းက ဦးစစ်က ကြယ်လေးလုံး အဆင့်ရှိတဲ့ ဟိုတယ်ကို ငှားခဲ့တာ။ ဒါကြောင့်မို့ ကျွန်တော်က ကြယ်သုံးလုံး အဆင့်ရှိတဲ့ ဟိုတယ်ကိုပဲ ငှားလိုက်တယ်။ အဲဒီလူစုနဲ့ မဆုံချင်ဘူး။ အနည်းဆုံး တစ်မြို့တည်း ဆိုရင်တောင်မှ နေရာတော့ ရှောင်ရမယ်။
တောင်ကြီးရဲ့ ရာသီဥတုက အေးတယ်။ မခံသာစရာပဲ။ ပုံမှန် အကျႌတစ်ထည်တည်း ဝတ်လေ့ ရှိတဲ့ ကျွန်တော်က အပေါ်ထပ်လေး မဖြစ်မနေ ထပ်ရတယ်။
မနက်ခင်း လမ်းလျှောက်ရတာလည်း ကောင်းတယ်။ အနီးအနား တောင်ကြီးမှာ လည်စရာတွေ သိပ်ပေါတယ်လို့ ကြားပေမဲ့ ဧည့်လမ်းညွှန် မပါတဲ့ ကျွန်တော်နဲ့ စိုင်းလွန်းကတော့ တောင်ကြီးစျေးနဲ့ အနီးအနားမှာတင် တလည်လည် ဖြစ်နေခဲ့တယ်။
ESTÁS LEYENDO
မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင္းကို မခ်စ္ေတာ့ဘူး ဆိုတာ ငါညာတာ
Romanceလူဆိုးလေးတစ်ယောက်ရဲ့ မျိုသိပ်နိုင်မှု။ "ဦးစစ် ကျွန်တော့်ကို မယုံဘူး ဆိုရင် ဘာလို့ အနားကို ပြန်လာခဲ့ပါလို့ ပြောခဲ့သေးလဲ" အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ကျွန်တော်က သူ့ခေါင်း မော့လှန်လာအောင် ဒီလူရဲ့ဆံပင်ကို ဆွဲလှန်ပစ်လိုက်ပြီးမှ နမ်းပစ်လိုက်ချင်တာ...