1.1

99 8 0
                                    

Unicode
>>>>>>>>

လွှမ်းရက်သူ
------------
--------------

"အငယ်"

အနောက်ဘက်နားဆီမှ ခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်။ ကျွန်တော်ရှိရာသို့ လျှောက်လာသော အစ်ကိုသည် ခန့်ညားမှုများကိန်းဝပ်နေသည်။ အစ်ကို့နာမည်က ကမ္ဗည်းမောင်။ နာမည်ကဲ့သို့ပင် အသွင်အပြင်လည်း ခန့်ညား၍ တည်ကြည်သည်။ စာသိပ်တော်သော အစ်ကိုသည် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဗိသုကာမေဂျာ တတိယနှစ်ကျောင်းသားဖြစ်သည်။

"အငယ် ဘာတွေတွေးနေတာလဲ"
ကြည်လင်သော စကားသံနှင့်အတူ အနားသို့ရောက်လာသည်။

"အစ်ကို့ကိုစောင့်နေတာ"
ညနေလာခဲ့မည်ဆိုသော အစ်ကို့စကားကြောင့် လမ်းထိပ်မှ ငုဝါပင်နားတွင် ကျွန်တော်စောင့်နေခြင်းဖြစ်သည်။ လေအဝှေ့တွင် ကြွေကျလာသော ငုဝါပန်း၏ ပွင့်လွှာတစ်ချို့က မြေပြင်ထက်မှ ကျွန်တော်တို့နှစ်ဦးအနားတွင် ပတ်ချာလည် လှည့်၍ကစားပြီးနောက် မြေပြင်ထက်တွင် လဲလျောင်းကြသည်။

"အငယ်က ဒီမှာလာစောင့်နေတာလား။ အစ်ကိုက အငယ့်အိမ်လာမလို့ကို"

အစ်ကိုက ပြုံးပြရင်းဆိုသည်။ ခန့်ညားသောအစ်ကို့အပြုံးတို့ကို ကျွန်တော်မြတ်နိုးခဲ့မိသည်မှာ ကြာပါပြီ။ တရားဝင်မြတ်နိုးပါသည်ဟု ဝင်မခံမိသေးခင်ကပင် တိတ်တဆိတ်မြတ်နိုးနေမိသည်။ အစ်ကိုသာသိလျှင် ကျွန်တော့်ကိုစိတ်ဆိုးမည်လားဟုလည်း တွေးမိပါသေးသည်။

"ကိုကို!"

အစ်ကို့အနောက်ဘက်မှ လာသောအသံကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိသည်။ မကြည့်ခင်ကတည်းက ကျွန်တော်သိသင့်သည်။ အစ်ကို့ကို ကိုကိုဟုခေါ်သည်မှာ မော်ကွန်းမောင်တစ်ယောက်သာရှိသည်။ ကျွန်တော့်အနေဖြင့် ခေါ်ချင်သော်လည်း ခေါ်ခွင့်မရှိသေးသည့်နာမ်စားလေးမို့ မြတ်နိုးမိသည်။ ထို့အတူ ခေါ်ခွင့်ရှိသော မော်ကွန်းမောင်အပေါ်၌လည်း ဣဿာမစ္ဆရိယ(မနာလိုဝန်တိုခြင်း)ဖြစ်မိသည်။

"ကျွန်တော်လိုက်မယ်လို့ပြောထားတာကို ကိုကိုဘာလို့မခေါ်တာလဲ"

လွှမ်းရက်သူ့မောင် (one shot)Where stories live. Discover now