1.2

32 4 2
                                    

Unicode
>>>>>>>

မော်ကွန်းမောင်
-------------
-----------------

ကျွန်တော့်ဘဝအတွက် မမေ့နိုင်စရာ အရာများစွာထဲတွင် လွှမ်းရက်သူက ထိပ်ဆုံးကပါသည်။ လွှမ်းရက်သူ။ ထိုကောင်လေးနှင့် ကျွန်တော်ဆုံတော့ ကျွန်တော့်အသက် ၁၀နှစ်သာရှိသေးသည်။ (ကိုယ့်ထက်အသက်သုံးနှစ်ကြီးသူကို ကောင်လေးလို့ ပြောရင် ငရဲကြီးမည်လား။ ကြီးချင်ကြီးပါစေ လွှမ်းရက်သူက ကျွန်တော့်ကောင်လေးမို့ ကောင်လေးလို့ပဲ ပြောမည်။)

စားဖို့၊ ဆော့ဖို့၊ စာကျက်ဖို့အပြင် ဘာမှရေရေရာရာနားမလည်သေးသော ကျွန်တော်က မတော်တဆစက်ဘီးနှင့်တိုက်မိရင်း တွေ့ခဲ့ရသည့် ကောင်လေးတစ်ယောက်ကို မမေ့နိုင်ဖြစ်နေသည်မှာ ရယ်စရာတော့ကောင်းသည်။

မျက်လုံးဝိုင်းဝိုင်း၊ မျက်ခုံးထင်းထင်းနှင့် နှာတံကလေးကစင်းနေသည့် လွှမ်းရက်သူ။ ကြည်သော သူ့အသားအရေသည် အမြဲတစေ ဝင်းဖန့်နေသည်။

ကတ္တရာလမ်းပေါ် ပက်လက်လန်နေသော သူ့အပေါ် ကျွန်တော်ဖိထားမိတုန်းကဆိုလျှင် လွှမ်းခမျာ မျက်လုံးကလေးပြူးကာ နီရဲရဲ နှုတ်ခမ်းကလေးက တဆက်ဆက်တုန်နေသေးသည်။ ထိုနေ့က ကိုကိုသာ ကျွန်တော့်ကို စောစောစီးစီး လာမဖယ်ခဲ့လျှင် ကျွန်တော် လွှမ်းရက်သူကို အကြာကြီးငေးနေမိမည်ထင်သည်။

အမှတ်မထင်စုံမိခဲ့သော လွှမ်းကို ကျွန်တော်အမြဲတွေ့ချင်နေသည်။ သူနဲ့ပဲကစားချင်သည်။ သူ့အနားမှာပဲနေချင်သည်။ အဲ့သလောက်ထိ ကျွန်တော်စွဲလမ်းခဲ့ပါသည်။

ကံမကုန်ချင်တော့ ကိုကိုကျူရှင်တက်သည့် အိမ်က လွှမ်းတို့အိမ်ဖြစ်နေသည်။ လွှမ်းဖေဖေ ကိုကို့ဆရာက အမြဲရုပ်တည်နေသောကြောင့် ကျွန်တော်ကြောက်သည်။ သို့သော်လည်း လွှမ်းကို တွေ့ချင်လွန်းလို့ ကျွန်တော်ကိုကိုနှင့် ခဏခဏလိုက်သွားမိသည်။ ကိုကိုတို့ စာသင်နေလျှင် ခြံထဲတွင်စာအုပ်ဖတ်နေသော လွှမ်းအနားတွင် ကျွန်တော်နေရသည်။ လွှမ်းက အမြင်ကတ်စရာလည်းကောင်းသည်။ ကျွန်တော်ကသာ သူ့အနားမှာ ဝေ့လည်ကြောင်ပတ်လုပ်နေသော်လည်း သူကတော့ အဖတ်မလုပ်။

လွှမ်းရက်သူ့မောင် (one shot)Where stories live. Discover now