Note : This Story is based on Kim Sung Gyu's Solo Track,"60 Sec". But I changed the story. But the base of the story will be like the song.
=================================
~ 60 SEC ~
Park Chan Yeol တစ်ယောက် နာရီကိုခေတ္တကြည့်လိုက် ပြီး အိမ်ကနေ အလင်းကဲ့သို့ လျင်မြန်စွာပြေး၍ Bus Stop သို့ ရောက်မှ အရှိန်နည်းနည်းလျော့လိုက်သည်....
" ဟူး..... တော်ပါသေးရဲ့ မရောက်လာသေးလို့.. "
Chan Yeol တစ်ယောက် သက်ပြင်းချပြီး ရေရွတ်လိုက်မိသည်....
ဒီနေ့က Park Chan Yeol တို့လို ကျောင်းသားတွေရဲ့ အထက်တန်း နောက်ဆုံးနှစ် ရဲ့ ပထမဦးဆုံးကျောင်းစတက်တဲ့နေ့ဖြစ်ပါသည်....
နွေရာသီ ကျောင်းပိတ်ပြီး အထက်တန်း နောက်ဆုံးနှစ်ကို ရောက်ရှိလာခဲ့တဲ့ Park Chan Yeol ဆိုတဲ့ ကောင်လေးတစ်ယောက်..... မနက်တိုင်း Bus Stop မှာ Bus စောင့် စီးနေခဲ့တာ အလယ်တန်းလောက်တည်းကဖြစ်သည်...
Bus ရောက်လာတော့ ပေါ့ပေါ့ပါးပါးပဲ Bus ပေါ်ကို တက်သွားလိုက်ပြီး Ear Phone လေးကို နားမှာတပ်၍ သီချင်းလေး တငြိမ့်ငြိမ်နှင့် ဘေးပတ်ဝန်းကျင် မြင်နေကျရှုခင်းလေးများကို ကြည့်ပြီး လိုက်ပါလာခဲ့သည်....
စိတ်ထဲတွင်...
*မကြုံစဖူး...ဘာလို့လူတွေများနေရပါလိမ့်*
ဟုတ်ပါသည်.. Bus ပေါ်တွင် မနက်တိုင်း သို့မဟုတ် ညနေတိုင်း အချိန်ကုန်လေ့ရှိသော Park Chan Yeol အဖို့ ဒီနေ့ဟာ အလွန်ပင် ထူးဆန်းလွန်းနေသည်.... မနက်အစောကြီးကပင် လူများနေပေရာ Chan Yeol ကိုယ်တိုင် နေရာအလွတ်ရှာရပြီး Bus နောက်ဆုံးတန်းနားတွင် ကပ်၍ထိုင်ရသည်.... သူ၏ ဘေးတွင် Ahjumma တစ်ယောက်ထိုင်နေ၏.....
မကြာမီ မှတ်တိုင်တစ်ခုသို့ရောက်လာသည်ကို Chan Yeol ရိပ်မိသော်လည်း သီချင်းလေးထဲတွင်သာ စီးမျောနေသည်မို့ မျက်လုံးပင်မဖွင့်ချေ... သူ၏ ဘေးက Ahjumma ပင်လျှင် ဆင်းသွားချေပြီ...
ChanYeol တစ်ယောက် သီချင်းထဲတွင် စီးမျောနေရာမှ နှာခေါင်းထိပ်ဖျားတွင် ကိုယ်သင်းနံ့သင်းသင်းလေးတစ်ခုကိုခံစားလိုက်ရသည်.... မိန်းကလေးအများစုကြိုက်တဲ့ စံပယ်ပန်းရနံ့ဖြစ်သည်...