အပိုင်း(12) uni

1.3K 81 3
                                    

The legend of the blue sea

အပိုင်း(12)ရက်စက်တတ်သောနတ်ဘုရားမ

နာနာ မင်း!!"

ရေဘုရင်လန့်သွားတယ်

ဘေးနားက အစောင့်လိပ်တွေနဲ့ရေ‌ေြမွတွေအားလုံးကလဲ ထိတ်ထိတ်ပျာပျာဖြစ်သွားကြတယ်

အခုမှ အသစ်တက်လာတဲ့ရေဘုရင်မက အခုချက်ချင်းဇာတိပြလာပြ္ီလား

"မင်း လွတ်စမ်း လွတ် "

နဂါးနက် စိတ်ထဲတကယ်လန့်နေပြီ

သူဘယ်လောက်ပဲရုန်းကန်‌နေပါစေ ဘယ်လိုမှအလွတ်နိုင်ဘူး

ပြုတ်တူကြီးနဲ့ညှပ်ခံထားရသလို

ကျောက်တုံးကြီးနဲ့ဖိခံထားသလိုပဲ

ဒါက ဘာကြောင့်များလဲ

သူက နဂါးနက်လေ

နဂါးနက်...

နဂါးနက်ဆိုတာ ရှန်းရှလောကမှာ အင်အားအကြီးဆုံး ဉာဏ်ရှိပြီးတေးကုသနိုင်တဲတစုတည်းသော မျိုးနွယ်လေ

အရမ်းရှားသလိုအရမ်းလဲအင်အားကြီးတဲ့မျိုးနွယ်လို့....

တော်ရုံလူက မစော်ကာားရဲသလို တော်ရုံဆို သူ့ကိုကြည့်ဖို့တောင်မရဲတတ်ကြဘူး

အခုတော့ သူကမိန်းမငယ်လေးရဲ့လက်မှာ မရုန်းကန်နိုင်တဲ့ ပုစွန်လေးလို အားနည်းစွာမရုန်းကန်နိုင်ခဲ့‌ဘူး

"နာနာ လွတ်လိုက်"

ရေဘုရင်ကလဲ သူ့သူငယ်ချင်းဘက်လိုက်ပြောလိုက်ပေမဲ့

သူမရဲ့အေးစက်စက်အကြည့်ကသူ့ဆီဒိုင်းခနဲရောက်လာခဲ့တယ်

သူဆွ့ံအသွားခဲ့တယ်

သူမရဲ့အကြည့်

အဲ့အကြည့်ထဲမှာ ရင်းနှီးတဲ့အငွေ့အသက်တွေမပါဘူး

အေးစက်စက်နဲ့တုန်လှုပ်ခြင်းကင်းကာရက်စက်တတ်တဲ့ဟန်တွေပြရှိတယ်

အရင်က နာနာရဲ့အကြည့်တွေဟာနွေးထွေးပြီး

အားကိုးလိုတဲ့အကြည့်နဲ့ သိမ်ငယ်မူ့တို့အပြင်

နွေးထွေးမူ့နဲ့ နူးညံ့မူ့တို့ရှိတယ်

အခုတော့ အဲ့ဒါအားလုံးပျောက်ကွယ်သွားပြီး သူမဆ္ီမှာကျန်ရှိနေခဲ့တာ သွေးအေးမူ့တခုထဲ

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now