အပိုင်း - ၅၅ { ငယ်ရွယ်ပျိုမြစ်သော ချစ်ခြင်းတရားများ }

3.4K 794 152
                                    

အပိုင်း - ၅၅

{ ငယ်ရွယ်ပျိုမြစ်သော ချစ်ခြင်းတရားများ }

အရင်တုန်းက အိမ်ရှေ့စံမိဖုရားတွင် သန္ဓေတစ်ခါ တည်ခဲ့ဖူးသည်၊ သို့သော် ကိုယ်ဝန်သက် တစ်လသားအရွယ်တွင်ပင် ပျက်ကျသွားခဲ့၏။ အိမ်ရှေ့စံမိဖုရားမှာ အသက်ကြိုးမျှင်ပြတ်လုတော့မတတ် ငိုကြွေးမြည်တမ်းနေခဲ့သော်ငြား ဟယ့်လျန်ရိမှာ သနားရုံမှလွဲပြီး အခြားသည်းသည်းနင့်နင့်ခံစားချက်များ ရှိမနေခဲ့ပါ။ စူးချင်းလွမ်မှာ အလွန်ပင် ပိရိသေသပ်လှသည်၊ ဆေးခွက်တစ်ခွက်က ကရိကထများမည့်အရာများကို ကာကွယ်ထားပြီးသားဖြစ်ခဲ့၏။ ထိုအကြောင်းကြောင့်ပင် ဟယ့်လျန်ရိထံတွင် ကိုယ်ပိုင်ရင်သွေး ရှိမနေခဲ့ပါ။ အနှီဝတုတ်တုတ်ကလေးမလေးက သူ့ဆီ လက်လှမ်းလာရင်း စိတ်မရှည်သည့်နှယ် ကြည့်လာသောအခါ ဟယ့်လျန်ရိမှာ ထိုနေရာတွင်ပင် မှင်သေသေကြီး ရပ်မိနေခဲ့သည်။ ထို့နောက်မှာမှ နှေးကွေးစွာ ကိုင်းညွှတ်လိုက်ကာ ကလေးမလေး၏ ချိုင်းကြားမှသည် လူကို ကောက်ယူပွေ့ချီလိုက်၏။

ထိုသို့ပွေ့ချီလိုက်တော့မှ တစ်ခုခုလွဲနေကြောင်း ဟယ့်လျန်ရိ သိလိုက်သည်။ ထိုကလေးမလေးမှာ ဝဖြိုးနေကာ သူ့ခန္ဓာကိုယ်တွင် နူးညံ့မှုရှိမနေသော နေရာဟူ၍ မရှိခဲ့။ နို့နံ့လေးလည်း သင်းပျံ့နေကာ အရိုးအဆစ်ပင် ရှိမနေသည့်အလား အိစက်နေခဲ့သည်။ ထို့ကြောင့် ဟယ့်လျန်ရိမှာ သူ့လက်ကို ဘယ်နားသွားကိုင်ထားပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွား၏။ ကျန်ရွှယ်က သူစိမ်းများကို မကြောက်တတ်သောကြောင့် ဟယ့်လျန်ရိရင်ခွင်ထဲ၌ပင် ခိုးခိုးခစ်ခစ်ရယ်နေခဲ့ကာ ဟယ့်လျန်ရိပုခုံးပေါ်တွင် သူမ၏သွားရည်များဖြင့် ပေကျံသွားစေခဲ့သည်။

ဟယ့်လျန်ရိမှာ သူ့အဝတ်ပေါ် စိုထိုင်းသွားသည့်အရည်ကွက်ကို မျက်လုံးထောင့်မှတစ်ဆင့် မြင်လိုက်ရကာ ကော့ညွှတ်နေသော နှုတ်ခမ်းထောင့်မှာ ချက်ချင်းညွှတ်ကျသွား၏။

ကလေးမလေးက မေးလာသည်။

"ရှောင်လျန်ကျီပြောတော့ အသင်က အိမ်ရှေ့စံမင်းသားဆို။ တကယ်အိမ်ရှေ့စံလားဟင်"

အရှင်ခုနစ် Where stories live. Discover now