Jimin တို့ပြသနာတွေ ဖြစ်ခဲ့ပီးနောက်ပိုင်း Jimin ဆီမှာ နှလုံးရောဂါရခဲ့သည်....နှလုံး Shock ဖြစ်သွား၍ ယောင်းကလိုလေသေးမရှိ စိတ်မငြိုငြင်အောင် ထားပေးသည်...သူကိုယ်တိုင်လဲ စွဲလမ်းနစ်မျောနေတဲ့ ဆေးသမားဘဝကို အပီးတိုင်ရပ်စဲဖို့ ဆေးရုံတက်ပီး ဆေး ဖြတ်ခဲ့သည်....တော်တော်လေး နလန်ပြန်ထူလာကာ လုံးဝအရှင်း ပြတ်သွားပီမို့ ဆေးရုံဆင်းရန် သုံးရက်သာ လိုတော့သည်....
သုံးခဲ့ဖူးတဲ့ ဆေးတွေကမနဲမနောမို့ အတော်ပင် ဖြတ်ယူခဲ့ရပေမယ့် အောင်မြင်သွားလို့တော်တော့သည်....တစ်ခါတစ်ခါ စိတ်အတက်အကျကတော့ ထိန်းလို့မရသေး...အားငယ်စိတ်မဝင်အောင် ဘေးနားက ဖေးမပေးရမှာမို့ ယောင်းအနားကလဲ မခွါဖြစ်တော့တာ လချီနေပီ....ဆေးရုံခန်းထဲပဲ နှစ်ယောက်သား နေနေခဲ့ရတာမို့ စိတ်တွေလန်းဆန်းလာအောင် အအေးလေးထွက်သောက်ဖို့ စဉ်းစားလိုက်သည်.....
" ယောင်း ဘာစားချင်သေးလဲ....ယောင်းစားချင်တာ ဝယ်ပေးမယ်လေ..."
" မစားချင်တော့ဘူး...အသဲလေးလဲ ဘယ်မှမသွားနဲ့...ယောင်းနားမှာပဲ နေပေး..."
" ယောင်း ကလေးလား....မင် လေလေးခဏရှူချင်လို့ပါ...ယောင်းရော အပြင်ထွက်ချင်လား ဒီအခန်းထဲမှာပဲနေရတာ ပျင်းနေပီလား...."
" ယောင်းမထွက်ချင်ဘူး...လူတွေကို မတွေ့ချင်သေးဘူး..."
" ယောင်းတွေ့နေတဲ့ ဒီကောင်ကြီးက သတ္တဝါကြီးလား..."
" အဟက်....ကိုယ့်မိန်းမလေးလေ...ဆေးရုံဆင်းခွင့်ရလို့ ပုံမှန်လည်ပတ်တဲ့ချိန်မှပဲ လူတောတိုးဖြစ်မယ်ထင်တယ်...ခုတော့ ဘယ်သူနဲ့မှ မတွေ့ချင်သေးဘူး...ဆေးဒဏ်တွေကြောင့် လူကြောက်နေတယ်ထင်ပါရဲ့..."
" ဒါဆိုမင်လေး ခဏသွားဝယ်လိုက်အုံးမယ်နော်...ပြန်လာရင် ဆေးသောက်ရမှာနော်...."
" ကိုယ့်မိန်းမလေး ကိုယ်တိုင်တိုက်ရင် သောက်မှာပေါ့ကွာ..."
" လိမ်မာတယ်...ခဏပဲစောင့်...မြန်မြန်ပြန်လာခဲ့မယ်...."
ယောင်းနှဖူးလေးကို အနမ်းဖွဖွပေးလိုက်တော့ ကလေးကြီးလို ငိုမဲ့မဲ့နဲ့ သူပါလိုက်ချင်နေတဲ့ပုံ....
YOU ARE READING
✨ Butterfly Fly Away ✨
Kısa Hikayeချစ်တိုင်းလဲ မညားဆိုတာ ရာဇဝင်တွေထဲက ယုံတမ်းပုံပြင်ငယ်လို့ ထင်ခဲ့ဖူးတယ်