3. ငါ့အတွင်းေရးမှူး ဖြစ်ပေးပါ (part 2) (Be My Secretary)

217 25 1
                                    

Zhan မေးခွန်းကြောင့် Yiboက တူတွေကို ပစ်ချလိုက်သည်။ရုတ်တရက် သူ စိတ်ပူပန်လာရတယ်။ ကိုကိုဟာ ကောင်လေး စိတ်ပူပန်နေသည်ကို သိသည်။ ဒါပေမယ့် ကလေးကို လုံခြုံစွာပြန်ပို့နိုင်ဖို့ သူ သိမှဖြစ်မယ်လေ။

ဒါပေမယ့် သူက တကယ်ပဲ Yibo ကို သူ့အိမ်သူ ပြန်ပို့ချင်ခဲ့တာ ဟုတ်ရဲ့လား ??... ကိုကိုက ဒီကလေးကိုအိမ်ပြန်ပို့ဖို့စိတ်ကူးနေမိတိုင်းသူ့နှလုံးသားမှာ ခံစားချက်တစ်ခုခံစားရတယ်။ဒါပေမယ့် သူက သူ့အတွေးတွေကို ဖယ်ရှားကာ သူ့ရင်ထဲကဆန္ဒတွေကို ပစ်ပယ်လိုက်တယ်။

ကိုကိုက ကောင်လေးကို ကြည့်ပြီး နူးနူးညံ့ညံ့ပြောတယ်။
"ညီလေးBo မင်း ဘာမှမပြောတော့ဘူးလား ??"

အငယ်ကောင်က တုန်ယင်စွာနဲ့အလျင်စလို ပြောလိုက်ပါတယ်။
"ရိ-ရိပေါ်မှာ... ဘ-ဘယ်သူ့မှမရှိဘူး ...... စိတ်မပူပါနဲ့ ရိပေါ် ဒီကနေထွက်သွားပေးမှာပါ ... ရိ-ရိပေါ်.... ကိုကိုတို့ကို ဒုက္ခမပေးတော့ပါဘူး"
သူက စိတ်ပူပန်စွာနဲ့ ပိတ်လိုက်တယ်။
" ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ရိပေါ်ကို ဂရုစိုက်ပေးတာနဲ့ ကျွေးမွေးတဲ့အတွက်ကိုလည်း ကျေးဇူးတင်ပါတယ်နော် "
လို့ပြောပြီး Yibo ချက်ချင်းထလိုက်တယ်။သူက သူတို့ကို လေးလေးစားစား ဦးညွှတ်ပြီး ညစာမစားဘဲ စားပွဲမှထွက်ခွာသွားသည်။

Zhanနဲ့ Yanli နှစ်ဦးစလုံးဟာ Yibo၏အပြုအမူကြောင့် အံ့အားသင့်သွားရသည်။ကောင်ငယ်လေးက ဒီလိုတုံ့ပြန်လိမ့်မယ်လို့ သူတို့တကယ်မထင်မိခဲ့ဘူး။

Yibo၏အပြုအမူကြောင့် Zhanက ဒေါသထွက်လာသည်။

သူ့ကို Yiboက ဒုက္ခပေးတယ်လို့ပြောတာမျိုး Zhanက မကြိုက်တာကြောင့်ပါ။

ကောင်လေးက သူ့ကျောပိုးအိတ်ကို ယူရန် စားပွဲမှထ မထွက်သွားရသေးခင် သူက yibo ကို အေးစက်စက် အသံဖြင့်ပြောသည်။
"Yibo ထိုင်လိုက်"

သူ့နောက်မှလေသံကြောင့် Yibo ကြောက်လာပြီး သူ့နေရာမှာပင် အေးခဲပြီး ရပ်နေသည်။

zhanက ထပ်ပြောလိုက်သောအခါ
"ငါပြောတာ မကြားဘူးလား Yibo ?"

ကောင်လေးဟာ ဆောင်းဦးရွက်လေးအလား ကြောက်ရွံ့တုန်လှုပ်နေလေပြီ။

MY  INNOCENT  SECRETARY  (ZSWW မြန်မာဘာသာပြန်  / မြန်မာဘာသာပြန်) (Ongoing)Where stories live. Discover now