Zawgyi
"အသည်းယားအောင်လုပ်နေတာ
တကယ်ခက်ကုန်တော့မှာပဲ"ရှန်းမှာ ဒီတစ်နေ့လုံး မနက်နိုးကတည်းကနေ တောက်လျှောက်စိတ်ရော၊ ကိုယ်ရော ပင်ပန်းခဲ့ရတာမို့ အိမ်ပြန်ရောက်ရောက်ချင်း ရေကိုတန်းချိုးလိုက်တော့မှ အနည်းငယ်ပေါ့ပါးလန်းဆန်းသွားလေသည်။
ထို့နောက် ထမင်းစားခန်းဆီဆင်းလာ၏။ညဘက်ဆို အဖြူ ရောင်ဝတ်စုံတွေကိုသာဝတ်လေ့ရှိသည်မို့ ယခုလည်း လက်ရှည်၊ဘောင်းဘီရှည် အဖြူ ရောင်ဝါးချည် ညအိပ်ဝတ်စုံက ရှန်း၏ပိန်ပါးပါးကိုယ်ပေါ် လျော့တိလျော့ရဲ ပျော့ပြောင်းစွာလွှမ်းခြုံနေလေ၏။
ရှန်းက စားပွဲပေါ်လက်ထောက်ထားရင်း ညစာအတွက်ဘာစားရမလဲစဉ်းစားနေလေသည်။ အစားအသောက်တွေမပို့ဖို့ မင်းအဏ္ဏဝါကိုပြောခဲ့ပြီးဖြစ်တာကြောင့် ဒီရက်ပိုင်း ရောက်မလာတော့ပေ။
တကယ်တော့ ရှန်းက အစားအသောက်ကြေးများသူမဟုတ်။
သို့ပေမယ့် ဘာချက်စားရမလဲဆိုတာလည်း သိသူဟုတ်မနေ။ ယခုလည်း သူ့မှာ ရေခဲသေတ္တာဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်ကာ ဆိုင်ကနေမှာဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။ ဒါတောင် ဘာမှာရမလဲ အတော်စဉ်းစားယူနေရပြန်သည်။ရှန်းက ဖုန်းကိုဖွင့်နေစဉ်မှာပဲ ဖုန်းတစ်ခုကဝင်လာ၏။ ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်မှာ "လူလည်ကောင်"ဆိုသည့် နာမည်ကအထင်းသား။
"ပင်ပန်းနေပြီလား"
တစ်ဖက်က မင်းအဏ္ဏဝါ၏အသံကြောင့် ရှန်းမှာ ပြုံးသည်ဆိုရုံလေးပြုံးလိုက်မိသွားသည်က သူပင်ပန်းနေလားမေးဖော်လူတစ်ယောက်ရှိလာတာကို ရင်ထဲနွေးသွားသည်ဟုဆိုနိုင်ပါ၏။
တစ်ချိန်တည်းမှာပဲ သူ့တစ်နေ့တာမှာကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့တာကို စိတ်လိုလက်ရဖွင့်ထုတ်ချင်လာလေသည်။ သို့သော် သူများရှေ့ အားနည်းလွယ်သူဟုအထင်မခံရချင်၍ သူ့စိတ်ကိုပြန်ထိန်းလိုက်ပြီး "ဟင့်အင်း"လို့သာ ပြန်ဖြေဖြစ်လိုက်ပါ၏။
"အစ်ကိုက အရမ်းတော်တာပဲ... အဒါကြောင့် အစ်ကို့ကိုဂုဏ်ပြုလက်ဆောင်ပေးမလို့"

YOU ARE READING
"My Only One" ✔️
Romanceမာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Shann မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသ...