#Unicode
အိမ်ရှေ့မှာ ကလေးတွေနဲ့ကစားပြီးလို့ အိမ်ထဲကိုဝင်လာတဲ့ ရေးငယ်က အိပ်ခန်းထဲကို တန်းဝင်သွားခဲ့တယ်။ အခန်းထဲကို ဝင်သွားပြီးကတည်းက အပြင်ကို လုံးဝပြန်မထွက်လာတော့ပေ။ နေ့လယ်စာ စားရမယ့်အချိန်ထိ ထွက်မလာသေးတာမို့ အိပ်ခန်းထဲကို ဝင်ကြည့်လိုက်ရတယ်။
အိပ်ရာပေါ်မှာ ကွေးကွေးလေးလှဲနေတဲ့ ရေးငယ်က မျက်နှာမကောင်းသည်မို့ နေမကောင်းလို့များလားလို့ တွေးမိသွားတယ်။
"ရေးငယ် နေမကောင်းဘူးလား"
ရေးငယ်ရဲ့အနားကိုသွားပြီး နဖူးပေါ်လေး လက်တင်ပြီး စမ်းကြည့်တဲ့အခါ ကိုယ်ကတော့မပူပေ။
"ကိုယ်တော့ မပူပါဘူး။ ဘာဖြစ်လို့လဲ ရေးငယ်။ ဘယ်လိုနေလို့လဲ ကိုကို့ကိုပြောလေ။ ရင်ထဲမှာ နေလို့မကောင်းလို့လား"
"ကောင်းပါတယ် ဦးဝေ"
"ဒါဆို ဘာလို့ မျက်နှာမကောင်းတာလဲ"
"ဒီတိုင်း နေရတာ သိပ်အဆင်မပြေလို့"
"အင်း . . . ဘာဖြစ်နေမှန်း မသိပေမဲ့ အရမ်းစိတ်မညစ်ပါနဲ့ရေးငယ်။ အရာအားလုံးက အချိန်တန်ရင် အဆင်ပြေသွားမှာပါ။ ရေးငယ်အတွက် အဆင်မပြေတာတွေရှိရင် အခုချိန်မှာ ခဏတော့ သည်းခံလိုက်ပါ။ တဖြည်းဖြည်းနဲ့ အဆင်ပြေလာပါလိမ့်မယ်။ အချိန်တစ်ခုတော့ ပေးရမှာပေါ့။ အရမ်းကြီးတော့လည်း စိတ်မညစ်ပါနဲ့။ စိတ်ဖိစီးမှုများလာရင် လူကပိုပင်ပန်းတယ်။ ခုတော့ ထမင်းစားရအောင် ထ"
"ဟင့်အင် ကျွန်တော် မစားချင်သေးဘူး"
"အင်းးးဘယ်လိုလုပ်ရပါ့။ ကိုယ်က ရေးငယ် ကြိုက်တတ်တာလေးတွေချည်းပဲ ချက်ပေးထားတာ။ ရုံးပိတ်ရက်လေး အားတုန်းမှာ ကိုယ့်ရေးငယ်လေးကြိုက်တတ်တာလေးတွေကို ကောင်းကောင်းမွန်မွန်စားစေချင်လို့ စေတနာတွေအပြည့်နဲ့ အပင်ပန်းခံပြီး ချက်ပေးထားရတာ"
ဦးဝေက အနားမှာထိုင်ပြီး စိတ်မကောင်းတဲ့လေသံလေးနဲ့ ပြောလာတော့ ရေးရဲ့စိတ်ထဲမှာလည်း တစ်မျိုးဖြစ်သွားတယ်။ အိပ်နေရာက ဦးဝေကို မော့ကြည့်လိုက်တော့ ဦးဝေရဲ့မျက်နှာလေးကို မြင်ရတဲ့အခါ အေးချမ်းတယ်လို့ ခံစားရတယ်။ ဦးဝေက ဘယ်အရာကိုမဆို အေးဆေးစွာ ဖြေရှင်းတတ်သလို အပြစ်လည်း မဆိုတတ်ခဲ့ဘူး။ မနေ့က ကလေးတွေအပေါ် လွန်ခဲ့တဲ့ရေးကို မနေ့က စိတ်ဆိုးခဲ့ပေမယ့် ဒီနေ့တော့ စိတ်ဆိုးခြင်း အလျဉ်းမရှိတော့ပေ။
ESTÁS LEYENDO
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။