“ ဒေါ်ကြီး ၀မ်ရိပေါ်ရော ထမင်းစားပြီးပြီလား?”
ရှောင်းက ဒီနေ့အလုပ်ကပြန်တာနောက်ကျသည်။ ၀မ်ရိပေါ်ကိုဦးလေးကကားနဲ့အရင်လာကြိုသွားတာဖြစ်သည်။ ညနေတိုင်း ရှောင်းရဲ့ကားနဲ့အိမ်ကိုအတူပြန်နေကျပေမယ့်ဒီနေ့တော့ သူ့ကိုစောစောပြန်နားရအောင် ဦးလေးကိုလာကြိုခိုင်းလိုက်တာဖြစ်၏။သူဟိုကပြန်ရောက်စတုန်းက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်သေးပေမယ့် ခုရက် အဲ့တစ်ယောက်ပုံစံက နည်းနည်းပိန်သွားတယ်ထင်မိ၏။အဲ့တာကြောင့်လည်း နားရအောင်ပြန်လွှတ်လိုက်တာဖြစ်သည်။ မဟုတ်ရင် ကိုယ်နဲ့ရမှပိန်လိန်နေတော့ ကိုယ်ကပဲသူ့ကိုနှိပ်စက်နေသည်ထင်ကြမည်။တကယ်တမ်းကျ ဘာမှတောင်မလုပ်ရသေး..
“ အခန်းထဲကထွက်လာတာမတွေ့သေးဘူးရှောင်းရဲ့ ၊ ဒေါ်ကြီးက ရှောင်းကိုစောင့်နေတယ်ထင်လို့သွားမခေါ်တာ”
ဟွန့် ! ဘယ်လိုဖြစ်နိုင်မှာလဲ?၀မ်ရိပေါ်ကသူနဲ့ထမင်းအတူစားဖို့စောင့်နေတယ်ဆိုတာ။ခုကိုယ်က ရေချိုးခေါင်းလျှော်ပြီး အောက်ထပ်ဆင်းလာတာတောင် ဒင်းမျက်နှာတော်ကိုတစ်ချက်မတွေ့ရ။
သူဒီကိုပြန်ရောက်ထဲက အခုချိန်ထိ ၀မ်ရိပေါ်နဲ့ထမင်းအတူမစားရသေးတာဖြစ်သည်။အရင်ရက်တွေက ဟိုဘွားတော်ရှိနေတာမို့ သူအောက်ထပ်ကိုသိပ်မဆင်းဘဲ ကြုံတဲ့အချိန်မှ ဆင်းစားတာ ဟိုတစ်ယောက်ကတော့ ဘယ်အချိန်တွေစားလည်းသူမသိ။ ဘွားတော်နယ်ပြန်သွားတော့လည်း သူကအလုပ်ကိစ္စနဲ့ ခရီးထွက်ရသေးသည်။
Breakfast မှာလည်း အစားပုပ်တဲ့ ၀မ်ရိပေါ်က အိမ်မှာ မစားဘဲ ရုံးကို သယ်သည်။အဲ့တာမှလည်းသူ့အတွက်အ၀စားဖို့အချိန်ရမှာဖြစ်သည်။အိမ်မှာက သူအိပ်ရာနိုးချိန်နဲ့ စားဖို့အချိန်မလောက်ငှတာ အရင်ထဲက၊ ကြုံရာအိပ်ပြီး အစားပုပ်တဲ့ ကောင်ကိုငယ်ငယ်လေးထဲက ကျောင်းအမှီသွားဖို့ တစ်နာရီလောက်စောပြီးနှိုးရတာမှတ်မိသေးသည်။ အဲ့တာမှ ၀မ်ရိပေါ်အိမ်မှာအ၀စားပြီး ကျောင်းတက်မှီတာဖြစ်သည်။
YOU ARE READING
One Step To You___{Completed}
Fiksi PenggemarZhanyi /Married life 🖤 Start 18/10/2021