နီးခဲ့ဖူးသည်ဖြစ်စေ ဝေးကွာနေကြသည်ဖြစ်စေ
ဘဝတစ်ကွေ့မှာ သိကျွမ်းခဲ့ဖူးတဲ့မင်းကိုတော့ဖြင့်
ကိုယ့်ဘဝတစ်သက်တာလုံး အမြဲအမှတ်ရနေမှာပါ အယ်လီနာ ....သိကျွမ်းခဲ့ကြတဲ့အချိန်ကာလာဟာ
တိုတောင်းခဲ့သည်ဖြစ်စေ ရှည်ကြာခဲ့သည်ဖြစ်စေ
မင်းအပေါ်ထားတဲ့ ကိုယ့်စိတ်ရင်းတွေကိုတော့
မင်းခံစားလို့ရမှာပါ ....သူငယ်ချင်းသံယောဇဉ်ထက်လဲပိုသလို
ချစ်သူတွေလဲမဟုတ်ခဲ့ကြပါဘူး.....
'ချစ်တယ်'ဆိုတဲ့စကားတစ်ခွန်းဟာ
ကိုယ်တို့ကြားကသံယောဇဉ်ကို ဖော်ပြဖို့အတွက်
မလုံလောက်နိုင်ခဲ့ဘူးလေ ... ။အသေချာဆုံးပြောနိုင်တာတစ်ခုကတော့
မင်းကိုကိုယ်ဘယ်တော့မှ မမေ့ပါဘူး အယ်လီနာ ....
မင်းကကိုယ့်ကို မေ့သွားခဲ့ရင်တောင်မှ
နောက်ဆုံးထွက်သက်အထိ မင်းကိုကိုယ်မမေ့ပါဘူး .... မဟုတ်ဘူး ...
မမေ့နိုင်တာဆိုပိုမှန်လိမ့်မယ် အယ်လီနာ....
မမေ့နိုင်တာဆိုပိုမှန်လိမ့်ပေမပေါ့
မင်းကိုကိုယ်က ဘယ်လိုနည်းနဲ့မေ့နိုင်မှာတဲ့လဲ....ယုံပါလို့မတောင်းဆိုပါဘူး။
ကိုယ့်စိတ်ရင်းတွေကို မင်းခံစားမိနေရင်ပဲ
လုံလောက်နေပါပြီ။ ဟင့်အင်း
လုံလောက်တာထက်ကို
ပိုနေပါပကောလား အယ်လီနာ ရယ်။တခါတလေကျ ကိုယ်ဟာ
လေနှင်ရာမျောလွင့်နေတဲ့
ကြိုးလွတ်သွားတဲ့ပူဖောင်းလေးတစ်လုံး
သို့တည်းမဟုတ်
လေတိုက်ရင် ပွင့်ဖတ်လေးတွေလွင့်မျောသွားတတ်တဲ့
Dendilion ပန်းလေးတစ်ပွင့်သာ
ဖြစ်လိုက်ချင်မိတယ် အယ်လီနာ
ဘာလို့ဆို မင်းဆီကို
အချိန်မရွေး မျောလွင့်လာလို့ရလို့လေ ... ။