Arc 13.6

3.1K 470 3
                                    

Unicode

ဆက်သားရဲ့ အစီရင်ခံချက်ကို ကြားပြီးတဲ့အခါ ရွာသူကြီးက ဒေါသအနည်းငယ်ထွက်ခဲ့​ပေမယ့်လည်း သူ့​ဒေါသကိုဖိနှိပ်ပြီး ရှီရှန်းရဲ့အိမ်ငယ်​လေးဆီကို ကျွန်အချို့ကိုခေါ်ပြီး ​ယောက်လာခဲ့တယ်
ရှီရှန်းက သူ့ကိုတစ်ကြိမ်တစ်ခါလောက် အခွင့်အ​ရေးပေးခဲ့ပြီးဖြစ်တယ်။

"ငါ့ဘက်ကဒီလောက် စိမ်းကား​နေပေမယ့်လာတုန်းလား။ အဲ့ဒါ​တောင် နင့်မှာထူးခြားတဲ့ရည်ရွယ်ချက်မရှိဘူးဆိုရင် နင့်ဖိနပ်ကိုငါသယ်သွားလိုက်မယ်'

"ထိုင်ပါဦး  "

ရွာသူကြီး" … " 'ဒီနေရာကငါပိုင်တာမဟုတ်ဘူးလား။ '
အသက်ပြင်းပြင်းရှုပြီးနောက်မှာ ရွာသူကြီးက သမာရိုးကျ အိမ်ရှင်တစ်ဦးလို စကားစတယ် "မိန်းက​လေး ၀ူကျန်း ဒီမှာအဆင်ပြေပါရဲ့လား"

"​ပြေတယ်လို့ထင်ပါတယ်။"

"မင်းမှာ မကျေနပ်တာတစ်ခုခုရှိရင် ငါ့ကိုပြောပြနိုင်တယ်။ ငါလူတွေကိုစီစဉ်ဖို့ခေါ်​ပေယမယ် "
"ကောင်းပါပြီ "
ရွာသူကြီးဘာပဲပြောပြော ရှီရှန်း က "ငါထင်တာပဲ"၊ "ကောင်းပြီ" (သို့မဟုတ်) "အိုး" လို့သာပြန်​ပြောခဲ့တယ်

ရွာသူကြီးက စကားစမြည်ဆက်ပြောဖို့ ခဏခဏကြိုးစား​ပေမယ့်လည်း အများအားဖြင့် သူ့တစ်ဖက်တည်းဖြစ်နေတာကြောင့် ရုန်းကန်နေရတယ်
သူက စက္ကန့်အနည်းငယ်အကြာမှာ ဆက်​ပြေတယ် "မိန်းက​လေး ၀ူကျန်း မင်းစားပြီးပြီလား"
ရှီရှန်းက သူ့ကို အနည်းငယ်မျက်လုံးလေးပြူးကာ ကြည့်​ပေးလိုက်တယ်

သူမရဲ့အကြည့်က ထူးဆန်းနေတာ​ကြောင့်
ရွာသူကြီးက ဘာကြောင့်မှန်းမသိပေမယ့် သူ့ကျောရိုးတစ်​လျှောက်မှာ အေးစက်လာတဲ့ခံစားချက်ကိုခံစား​နေရတယ်။

အဲ့ခံစားချက်က ခဏသာကြာတယ် သူ​နောက်တစ်ကြိမ်ပြန်ကြည့်လိုက်တဲ့အခါ အမျိုးသမီးက မျက်လွှာချလိုက်ပြီး ​အေး​အေး​ဆေး​ဆေးပြန်​ပြောတယ်  "မစားရ​သေးဘူး"

' ဒါငါ့စိတ်ပဲဖြစ်မှာပါ ' ရွာသူကြီးက သူ့ကိုယ်သူနှစ်သိမ့်ပြီး ဆက်​ပြောလိုက်တယ်  "မိန်းက​လေး ဝူကျန်းသာ စိတ်မရှိဘူးဆိုရင် ငါမင်းနဲ့အတူ ​သေရည်​သောက်​ပေးမယ်ဆိုရင်​ရော "

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now