အပိုင်း ၅၃ (U&Z)

2.2K 131 6
                                    

(Unicode)

ရှောင်းစံအိမ်ဆီ သမီးတော်လေးကို ခေါ်ပြီး ဝမ်ဖေ့ဖေ့ လာခဲ့သည်။ အရှင်ရှောင်းကျန့် နေမကောင်းတာကြောင့် စိတ်ဖိစီးမှု နည်းစေဖို့ မောင်ဖြစ်သူ ဝမ်ရိပေါ်က အကူအညီတောင်းထားသည် မဟုတ်ပါလား။ ထို့ အတွက်ကြောင့်လည်း ဝမ်ဖေ့ဖေ့က ရှောင်းစံအိမ်ဆီ မကြာခဏ လာဖြစ်ခဲ့သည်။ အခုဆို သမီးတော်လေးကလည်း အရှင်ရှောင်းကျန့်ကို အတော်ပင် ခင်တွယ်နေပြီလေ။

*မောင်လေး...

*ဟာ...ကျဲကျဲတို့ လာတယ် ကောရေ...
ဝါး...လေးလေး တူမလေးပါ ပါလာတယ်လား...ကော ဒီမှာ ကော တူမလေး ရောက်လာပြီ...ကြည့်ပါဦး...

ထိုင်တတ်ခါစ တူမတော်လေးကို ရိပေါ်က လှမ်းပွေ့ယူကာ အရှင်ရှောင်းကျန့် ပေါင်ပေါ် တင်ပေးလိုက်သည်။

*မတ်တော်လေးက ဒီနေ့ နေရတာ သက်သာတယ် ထင်တယ်...အဆောင်ရှေ့တောင် ထွက်ထိုင်နေတယ် ဆိုတော့...

*အဟင်း...

ရှောင်းကျန့်က ခပ်ဖွဖွ ပြုံးပြရင်း ကလေးလေးကိုသာ မြူနေတော့သည်။ တဝါးဝါး တအဲအဲနဲ့ ဖေ့ဖေ့ သမီးတော်လေးက အရှင်ရှောင်းကျန့်နဲ့ ဆော့ကစားနေသည်။

*မောင်လေး...အရှင်ရှောင်းကျန့်က သက်သာရဲ့လား...ကြည့်ရတာ သိပ်မလန်းသလိုပဲနော်...သမီး​ေတာ်နဲ့ အကြာကြီး လွှတ်မထားနဲ့...ကလေးက အရမ်းဆော့တော့ မောနေလိမ့်မယ်...

ရိပေါ် ခေါင်းကို ခပ်ဖြည်းဖြည်းညိမ့်ပြလိုက်သည်။ အခုရက်ပိုင်းအတွင်း အရှင်ရှောင်းကျန့်က စားနေကျ မက်မွန်သီးတောင် တနေ့လုံးနေလို့ တစိပ်ဝင်ဖို့ပင် အနိုင်နိုင်ရယ်။ ရိပေါ် မှာလည်း ပူပန်စွာနဲ့ အရိပ်တကြည့်ကြည့် ဖြစ်နေရသည် မဟုတ်ပါလား။

*လေးလေးရဲ့ မင်းသမီးလေးက ဘယ်မှာလဲ...ဒီမှာလား...​ေဩာ် ဒါလေးပေါ့...ဒီကလေးလေးပေါ့...

ပေါင်ပေါ်ထိုင်နေတဲ့ ကလေးကို လေသံခပ်တိုးတိုးနဲ့ ချော့မြူနေရင်း ဝမ်းဗိုက်ဆီမှ စူးဝါးတဲ့ ခံစားချက်ကို ရှောင်းကျန့် ခံစားလိုက်ရသည်။

*အ...

ခပ်အုပ်အုပ်အသံပေမယ့် ရိပေါ်က ကြားဖြစ်အောင်ကြားကာ အနီးကို ပြေးလာသည်။

မင်းတယောက် အတွက်သာ (U&Z) - CompletedWhere stories live. Discover now