အခန်း - ၃၉

36K 2.9K 81
                                    

Unicode //

"ကျွန်တော့ကို မထားခဲ့ပါနဲ့ ကိုကိုရယ်...."

"....."

"ကိုကိုလိုချင်တဲ့အချိန်တိုင်း ကျွန်တော်အသင့်ရှိခဲ့ပေးတယ်လေ....ခုမှ....ခုမှ....ဘာလို့လဲ....
ပြောပါ...ကိုကိုမကြိုက်တာမှန်သမျှပြင်ပါ့မယ်..."

"ကျစ်....ကိုယ်မင်းကိုမချစ်ဘူး....ဘယ်သူ့ကိုမှလည်း မချစ်ခဲ့ဖူးဘူး....မင်းလည်းကိုယ့်ကို ခန္ဓာပေးခဲ့သလို ကိုယ်လည်း မင်းကြိုက်တဲ့ပိုက်ဆံပေးခဲ့တာပဲ....give & takeပဲလေ..."

"ကိုကို့မှာ အသစ်ရှိနေလို့လား"

"အသစ်လို့ပြောရအောင် မင်းနဲ့ကိုယ်ကရည်းစားတွေမှမဟုတ်ပဲ....မင်းမရှိခင်တည်းကရှိတာတွေရော မင်းနဲ့တွေ့ပြီးမှ ရှိလာတာတွေပါရှိတယ်"

"ကိုကို့မှာ တကယ်ချစ်ရမဲ့သူပေါ်လာလို့လား
ဟင်"

မိမိရှေ့တွင် မျက်ရည်စက်လက်ဖြစ်နေသည့် ကောင်လေးကိုကြည့်ကာ ရာစုသိမ်းပိုက် စိတ်ရှုပ်လာသည်။

"ကျစ်!"

"ကျွန်တော် ကိုကို့ကိုတကယ်ချစ်ခဲ့တာပါဗျာ"

"ငါ့အမ်းခဲ့သမျှတွေလည်း မငြင်းမဆန်ယူခဲ့တာပဲလေကွာ....ဒီမှာ ထက်လေး....ကိုယ့်မှာအချစ်ဆိုတာမရှိတဲ့အတွက် မင်းဆက်ပြောနေလဲအပိုပဲ....ဟေ့....သူ့ကို ခြံဝထိလိုက်ပို့ပေးလိုက်...."

အနုနည်းနှင့်နှင်လိုက်သည်မှန်း ထက်ဝေဟင်သိလိုက်သည်။

....သူတကယ် ကိုကို့ကိုချစ်ခဲ့တာပါ.... ကိုကို့ရဲ့အထိအတွေ့တွေမှာ ကျရှုံးခဲ့ရတာပါ....ပိုက်ဆံ
ကြောင့်ချဉ်းကပ်ခဲ့တာမှန်ပေမယ့် ကိုကို့ကိုတကယ်ချစ်ခဲ့မိတယ်....ကိုကိုမျက်နှာချောချောလေးကိုပဲ အမြဲငေးနေချင်မိတယ်....ကိုကိုကရက်စက်တဲ့လူဆိုတာ သိပေမယ့် ကိုကို့နားမှာပဲ နေချင်မိခဲ့တာ....ဒီလိုနေ့ကို ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် ဒါက အရမ်းစောနေသလိုပဲ....

ထက်ဝေဟင်တစ်ယောက် ရာစု၏မျက်နှာကိုငေး
ကြည့်ပြီး ခေါင်းငုံ့လိုက်တော့ မျက်ရည်တို့က
ပေါက်ခနဲ။

"နောက်ဆုံးအနေနဲ့ နမ်းခွင့်ပြုပါ ကိုကို"

ပြောပြီးပြီးချင်း တစ်ဖက်မှအဖြေကိုတောင်မစောင့်တော့ဘဲ သူမြတ်နိုးခဲ့ရသည့် စတော်ဘယ်ရီရောင် နှုတ်ခမ်းလွှာလေးတွေထက် အနမ်းခြွေလိုက်သည်။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now