ညစာစားရန်အချိန်ကျလာတော့ အိမ်တော်ထိန်းအဒေါ်ကြီးက ရေး၏အခန်းတံခါးကိုလာခေါက်သည်။အခန်းတံခါးခေါက်သံကြောင့်နိုးလာသောရေးသည် အိပ်ယာမှထရန်ပြင်လိုက်သော်လဲ သူမ လက်မောင်းကလေးနေ၍ ရင်ခွင်ထဲသို့ငုံ့ကြည့်လိုက်ရာ သူမလက်မောင်းကိုခေါင်းအုံး၍ သူမခါးလေးကိုဖက်ကာ ရင်ခွင်ထဲဝင်အိပ်နေသော ဂျီဟျွန်းကိုတွေ့လိုက်ရလေသည်။ထို့ကြောင့် ကလေးနိုးမည်စိုး၍ စားပွဲပေါ်မှကြေးရောင် ခလုတ်လေးကိုလှမ်းဖိလိုက်သည်။
ထိုခလုတ်သည် အောက်ထပ်ရှိအိမ်စေများ၏အဆောင်နှင့်ဆက်သွယ်ထားသည်မို့ သူမခလုတ်နှိပ်သည်နှင့်အစေခံတစ်ယောက်မဟုတ်တစ်ယောက်ကသိမည်ပင်။ယခု ခလုတ်နှိပ်လိုက်ခြင်းကမူ အိမ်တော်ထိန်းကြီးကိုအခန်းထဲဝင်လာရန်အချက်ပြလိုက်ခြင်းပင်။ခဏကြာသော် အခန်းတံခါးရှေ့မှ အိမ်စေတစ်ယောက်နှင့်အိမ်တော်ထိန်းကြီး၏စကားပြောသံကိုကြားရပြီး အိမ်တော်ထိန်းကြီး၏
"ဝင်လာမယ်နော် သခင်မလေး..."
*ချောက်*
အခန်းတံခါးပွင့်သံနှင့်အတူ အခန်းထဲရောက်လာသော အိမ်တော်ထိန်းကြီးသည် ကုတင်ပေါ်မှ စောင်ပုံထဲတွင်မြုပ်နေသော ဂျီဟျွန်းလေးကိုကြည့်ကာ အံ့သြသွားသည်။သို့သော် ချက်ချင်းရုပ်ပြန်တည်ကာ
"နောက်မိနစ်၂၀အတွင်းမှာညစာစားပါတော့မယ် သခင်မလေး...သခင်မလေးအသင့်ပြင်ဆင်ချိန်ရအောင် နှောင့်ယှက်ရခြင်းဖြစ်ပါတယ်..."
"အာ..ရပါတယ်...ကျွန်မတို့လဲ တစ်နေ့ခင်းလုံးအိပ်ပျော်သွားတာပဲ...ဝါး..ဟုတ်ပြီ ကျွန်မ နောက်မိနစ်၂၀အတွင်းအသင့်ပြင်ပြီးဆင်းလာခဲ့မယ်နော်..."
"သခင်မလေး..."
"yes??"
"ဟိုကလေးကရော..."
"သူ့မှာနာမည်ရှိတယ်လေ?..ပြီးတော့ သူက ဒီအိမ်တော်ရဲ့ တတိယသခင်လေး...ကျွန်မနဲ့ကျွန်မအကိုအပေါ်ရိုသေသမှုထားသလိုပဲ သူ့အပေါ်လဲထားရမယ်...ရှင်တို့စိတ်ထဲဘယ်လိုတွေတွေးနေလဲသိပေမဲ့ ကျွန်မရှေ့မှာ ပြီးတော့ ကလေးရှေ့မှာလုံးဝမတွေးမိပါစေနဲ့...မပြောမိပါစေနဲ့..."
ESTÁS LEYENDO
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasíaစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...