(၈)

2.8K 266 22
                                    


Honey နဲ့ Mommy

အပိုင်း (၈)

"အင်း အပြင်ရောက်နေတာ
ကြာအုံးမှာ ဆိုင်ပြန်ရောက်မှ ph ပြန်ဆက်လိုက်မယ်"

တဖက်က ph ပြောသံတိုးတိုးလေးကို
ဒီကနေတောင်ကြားနေရသည်။

ကောင်မလေးတယောက်အသံဖြစ်သည်။

ကိုယ့်အရှေ့မှာဆို သူ့ကောင်မလေးတွေနဲ့
ဘယ်တုန်းကမှ ph အကြာကြီးမပြောတဲ နို ..!!

"နို ...နင်ဘယ်အချိန်ထိ ဒီလိုကြီး နေနေမှာလဲ
အိမ်ထောင်ပြုဖို့စိတ်ကူးမရှိဘူးလား "

နိုရာ ...မှိုဥကို စူးရဲစွာပြန်စိုက်ကြည့်လိုက်သည်။

ငါ့အကြောင်းသိနေရက်နဲ့
ဘာလို့ ဒီလိုစကားပြောထွက်တာလဲလို့ 
အကြည့်တချက်နဲ့ မေးလိုက်ခြင်းပင်။

"ဘာလဲ အဲ့လိုပြောတာမကြိုက်တာလား"

ထိုသို့ပြောရင်း မိမိအနားတိုးကပ်လာတဲ့သူမ....

တော်တော်လေးကိုနီးကပ်လာတာ။

ပြီးတော့ နိုရာ့ ပါးလေးတွေကိုလာကိုင်ပြီး
ရီဝေစွာ စိုက်ကြည့်နေပြန်သေးတာ...

"နင်က ဟိုးး အရင်ကအတိုင်းပဲ....
မဟုတ်ဘူး အခုက ပိုချောလာတာ....
ပိုလဲလှလာတယ်....အိမ်ထောင်မကျသေးတာလဲပါတာပေါ့။
ခုနက စတာပါ ...လက်မထပ်ပါနဲ့....
အကုန်လုံးထက် နင် လက်ထပ်သွားရင် ငါကနင့်ကိုပိုနှမြောမိမှာ....
ငါ့ ဘေးနားမှာ ဒီအတိုင်းလေးပဲရှိနေပေး။"

"နင် ဘာဖြစ်နေတာလဲ မူးနေတာလား "

ထိုသို့ပြောကာ သူမ နှုတ်ခမ်းတွေနား အနံ့ခံကြည့်လိုက်သည်။

လျှပ်တပြတ် အချိန် ခနလေးမှာပဲ သူမက
နိုရာ့ကို သိုင်းဖက်လိုက်သည်။

"နင်....ဘယ်လိုဖြစ်နေတာလဲ မူးနေတာလဲ မဟုတ်ပဲနဲ့"

"ဗမာကား မကြိုက်တဲ့လူက
ဘာလို့ဗမာကားထဲကလို လာထင်နေရတာလဲ....
ငါက အသိစိတ်ပျောက်မှ နင့်ကို ဒီလိုတွေလုပ်မယ်လို့
ထင်နေတာလား "

"မှိုဥ ငါတို့ ဒီလိုတွေမဖြစ်သင့်ဘူးလေ "

"ဘာလို့လဲ ဘာက မဖြစ်သင့်တာလဲ "

Honey နဲ့ MommyWhere stories live. Discover now