Unicodeဈေးထဲမှတစ်ဆင့်လမ်းလျှောက်လာရင်းနှင့်ပင်
"ရော့စားထား သွားရမှာနည်းနည်းဝေးတယ် ရွာပြင်အထိ
လမ်းလျှောက်သွားရမှာဆိုတော့""အင်း ခဏထိုင်စားကြတာပေါ့"
အနီးမှာရှိတဲ့ကျောက်တုံးကြီးတွေပေါ်မှာထိုင်လိုက်သည်။
အခုပဲရွာပြင်ထွက်လာပြီကို မည်မျှလောက်တောင်ထက်သွားရဦးမလဲမသိ
ခြေထောက်တောင်ညောင်းလှပြီ သခင်လေး မညောင်းဘူးလားမသိပါ။လမ်းဘက်ကိုကျောပေးကာ ပန်းခင်းကြီးတွေဘက်သို့
မျက်နှာမူကာထိုင်နေသောကောင်လေးတစ်ယောက်နှင့်"ရော့"
လက်ထဲမှာရှိတဲ့ပစ္စည်းပစ္စယတွေကို နေရာတကျချကာ
လက်ထဲတွင် ကိုင်ထားသော ပေါင်မုန့်အား တစ်ခြမ်းပိုင်းပြီး
ပေးလာသော သခင်လေး။"ရော့လေ"
ပေါင်မုန့်အားသူ့လက်ထဲရောက်အောင်ပေးပြီးမှ
ဘေးမှာနေရာတကျ၀င်ထိုင်လာသည်။
သူ့ကိုတောင်လှည့်မကြည့်ပါ လက်ထဲမှ croissant ကိုသာ
စိတ်၀င်တစား စားနေသည်။သဲကြီးမဲကြီးသာ စားနေသောကြောင့် ပါးစပ်ပတ်ဝန်းကျင်တွင်
ပေါင်မုန့်အပိုင်းအစ များသာနေရာယူထားသည်။"သခင်လေးကလည်းပေပွနေတာပဲ"
ပတ် သခင်လေး၏နှုတ်ခမ်းပါးတစ်ဝိုက်ရှိပေါင်မုန့်အပိုင်းအစများကို သုတ်ပေးလိုက်သည်။နူးညံ့သည်...။နှုတ်ခမ်းပါးနားသို့ မျက်နှာတိုးမိသွားသည်။
ထပ်ရပြန်ပါပြီ ကလေးနို့လိုအနံ့လေး
မျက်စိမှိတ်ကာ မျက်နှာနားအားပို၍တိုးကပ်ပြီး
အနံ့မွှေးမွှေးအားအဖြေရှာနေမိသည်။
အနံ့ကလူကို ဆွဲငင်ယူသွားသလိုပင်။
မကြာပါ အရမ်းနီးကပ်သွားသည်။ပတ် အနံ့လေးကိုသာထပ်ရှာနေမိသည် တကယ်ပဲသခင်လေးဆီက
အီဆိမ့်ဆိမ့် မွှေးတေးတေး အနံ့လေး
စွဲမက်စရာကောင်းလှသည်။
ပတ် အနံ့လေးကိုသဘောကျကာပျော်မွေ့နေမိသည်။လေပြည်လေးတွေလည်းရှက်နေပြီလော လေကိုအရှိန်တင်ကာ
ပန်းခင်းကြီးကိုတရိပ်ရိပ်ဝေ့ရမ်းစေပြီး အချက်ပြနေလေပြီ။

YOU ARE READING
A moment of love [윤민]
Fanfictionspring, butterfly and you。 𝖲𝗁𝗈𝗋𝗍 & 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 𝗌𝗍𝗈𝗋𝗒 15.10.2021 - 11.12.2021