တစ်ခါက ထိတွေ့ရုံနှင့်တင် လွင့်ပျယ်သွားနိုင်သော လေပူဖောင်းလေးဟာ ဆူးပင်လေးကိုမှ
အသည်းနင့်အောင်လို့ ချစ်ခဲ့မိလေသတဲ့ ။သို့ရာတွင် ဆူးပင်လေးဟာတော့
လေပူဖောင်းလေး၏ ချစ်ခြင်းမေတ္တာတရားများအား သူ့ရဲ့နောက်ဆုံးထွက်သက်ချိန်အထိ ဥပေက္ခာပြုထားခဲ့လေသည် ။ဒါဟာ လေပူဖောင်းလေးအပေါ်မှာ ထားရှိပါသည့် ဆူးပင်လေးရဲ့စေတနာပင် ။ ကိုယ်ချစ်ရပါသော လေပူဖောင်းလေးဟာ ကိုယ့်ရဲ့အချစ်စိတ်ကြောင့်နှင့် ပျောက်ကွယ်မသွားစေချင်မိတဲ့ ဆူးပင်လေး၏ စေတနာသာ ။
ပွေ့ဖက်ခြင်းတွေကို လက်လျှော့မိတိုင်း.....
ချစ်ခြင်းတွေကို လျစ်လျူရှုခဲ့မိတိုင်း......
မုန်းတီးမှုဆိုတဲ့ ခေါင်းစဥ်ကြီးနှင့်တော့
မစွပ်စွဲကျသင့်ဘူးမလား ...... ။ ။( အဆုံးမဲ့ခြင်း )
ရပ်စောင့်နေခဲ့မိပါသော လမ်းမထက်တွင်
ဂျွန့်ရဲ့ ခြေသံတွေက်ို မကြားရတော့ဘူး ။သည်းသည်းမဲမဲ ရွာသွန်းလာခဲ့ပါသော
မိုးရေစက်တွေဟာလည်း ပက်သခင်လေး၏ ရင်ဘတ်အတွင်းမှ တဟုန်ထိုးလောင်မြိုက်နေခဲ့ပါသည့် မီးတောက်တွေကို ငြိမ်းသက်ပေးနိုင်စွမ်းရှ်ိမနေခဲ့လေတော့ဘူး ။ဂျွန်ဟာ ပက်သခင်လေး၏
မျှော်လင့်ချက်လေးများအား သစ်ကိုင်းခြောက်လေးတစ်ခုနှင့် အထင်အမြင် လွဲမှားနေခဲ့ပါသော ပုံစံပေါ်ပါ၏ ။ တဖြောင်းဖြောင်းမြည်သည်အထိ ရိုက်ချိုးပြစ်လိုက်တာများ တုန့်နှေးခြင်း အလျင်းရှိမနေခဲ့ပေ ။တွေ့နေကျနေရာလေးတစ်ခုဆီတွင်
တွေ့ချင်နေခဲ့မိပါသော လူတစ်ဦးဟာတော့ မပြောင်းမလဲမတမ်းရှိနေပေးခဲ့မိသည် ။ ဒါပေမယ့်လည်း ထိုလူကို အဖော်ပြုပေးနေခဲ့သည့် အရာဟာ မိုးရေစက်ကလေးများမှလွဲ၍ မည်သည့်အရာမျှ တည်ရှိမနေခဲ့လေဘူး ။ဖမ်းဆုတ်ဖို့လည်း မတတ်သာဘူး ။
လက်လွှတ်ပေးဖို့လည်း မစွမ်းဆောင်နိုင်ခဲ့ဘူး ။ အမှတ်မရှိသေးပါဘဲနှင့် လွမ်းဆွတ်နေခဲ့မိသေးသည့် နှလုံးသားဟာလည်း အရှက်တရားကင်းမဲ့နေခဲ့သေး၏ ။
YOU ARE READING
အဆုံးမဲ့ခြင်း (Completed)
Fiksi Penggemarကံကြမ္မာဆိုတာကို ယုံကြည်လား ။ (Do you believe in destiny? ) ကံၾကမၼာဆိုတာကို ယုံၾကည္လား ။ (Do you believe in destiny?) (UNI CODE + ZAWGYI CODE )