အခန်း - ၁၁

37.2K 3.3K 125
                                    

Unicode //

နှိုင်းမန်တစ်ယောက် အိမ်ပြန်ရောက်တော့ ညနေ၃နာရီ။မီးဖိုချောင်မှမွှေးရနံ့များကြောင့် အစားမက်သူပီပီ ခြေလှမ်းတို့က စိတ်ဆောင်ရာနောက် အော်တိုပါသွားသည်။

"အန်တီမြ...ဘာတွေချက်နေတာလဲ..."

"သားဈာန်းရဲ့ဧည့်သည်တွေလာမှာမလို့လေ"

"ဪ ဟုတ်သား...ဒါနဲ့ ဒါတွေကဘာတွေလဲ...ဘာလုပ်ဖို့လဲ...."

"အဲ့ဒါက ပြည်ကြီးငါးလေ....ဧည့်သည်တွေလာတော့မှသုပ်ပေးမလို့"

"သားလည်းစားချင်တယ်....ခုသုပ်ကျွေးပါလား....ဟီး..."

အစားအသောက်နဲ့ပတ်သတ်လာရင်အမြဲပြုံးရွှင်နေတတ်သော ကောင်လေးကိုကြည့်ပြီး ဒေါ်မြပါအပြုံးတွေကူးစက်လာသည်။ ဒီကလေးက ချစ်မွှေးပါလို့လားမသိ။သားဈာန်းနဲ့ပတ်သတ်ပြီးစတွေ့ကတည်းက သနားလည်းသနားခဲ့ရသလို၊ ချစ်လည်းချစ်ခဲ့ရသည်။

တစ်ခြားကလေးတွေလို စိမ်းစိမ်းသက်သက်မနေတတ်ဘဲ သူစားချင်တာလေးတွေလာလာပူဆာတတ်သော ထိုကလေးလေးကိုဘယ်သူကမချစ်ပဲနေနိုင်မှာလဲလေ။

သားနှိုင်းလေးကိုမြင်တော့ သားငယ်လေးကိုလည်း သတိရမိခဲ့သည်။

"ဟုတ်ပါပြီ နှိုင်းလေးရယ်....လုပ်ပြီးရင်ခေါ်လိုက်ပါ့မယ်....အခုကရေချိုးဦးမှာမလား...."

အပြင်ကပြန်လာတိုင်း ရေချိုးတတ်သော
နှိုင်းမန်၏အကျင့်ကိုသိသောကြောင့်မေးလိုက်တော့...

"ဟီး....အာ့ဆိုသားရေသွားချိုးလိုက်ဉ်ီးမယ်နော်...ပြီးမှဆင်းလာခဲ့မယ်....သုပ်ရင် ဒီအမွှားလေးတွေများများထည့်ပေးနော်...."

လှီးထားသော ပြည်ကြီးငါးခေါင်းတွေကိုလက်ည်ှိုးထိုးကာပြောနေခြင်းကြောင့် ဒေါ်မြရယ်လိုက်မိပြီး...

"ဟုတ်ပါပြီရှင်...."

"ဟုတ်...ဒါဆိုသားသွားပြီ...."

ဘယ်လောက်တောင်စားချင်နေမှန်းမသိ၊ အပေါ်ထပ်ကို ပြေးတက်သွားသောကောင်လေးကြောင့် ဒေါ်မြတစ်ယောက် ပြည်ကြီးငါးသုပ်ရန်ပြင်လိုက်ရတော့သည်။

ကန့်လန့်ဆန်သောအချစ် Où les histoires vivent. Découvrez maintenant