အခန်း - ၅၈

28K 2.4K 47
                                    

Unicode //

ခြေဖမိုးကဒဏ်ရာကိုလှစ်လျှူရှုကာ အိပ်ယာထက်လှဲချလိုက်မိသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် အရိပ်ပေါင်းများစွာပေါ်လာသည်မို့...

"Tsk!"

ခေါင်းကထိုးကိုက်လာသောကြောင့် နားထင်နှစ်ဖက်ကိုလက်ချောင်းထိပ်တို့ဖြင့်ဖိထားလိုက်မိသည်။ ဆေးသောက်ဖို့စဥ်းစားပြီး ထထိုင်လိုက်ပြီးမှ စိတ်ထိန်းကာ ပြန်လှဲလိုက်ပြီး ဝေဒနာကိုတောင့်ခံနေမိသည်။

ထို့နောက် အမြင်တို့ဝါးလာပြီး....

"ကိုကို...."

အသံသဲ့သဲ့လေးကြောင့်....

"ဘယ်သူလဲ"

အားစိုက်နားထောင်သော်ငြား ဘာသံမှထပ်မကြားရတော့ဘဲ နားအူလာကာ ခေါင်းကပိုထိုးကိုက်လာသည်။

ထိုစဥ် တရိပ်ရိပ်ပေါ်လာသောပုံရိပ်တစ်ချို့နှင့် အသံများ....

"ဒီကိုက်ရာလေးကို ကိုယ်ကပျောက်တောင်မပျောက်စေချင်ဘူး....အမာရွတ်လေးဖြစ်ကျန်ခဲ့ရင်ကောင်းမယ်"

"ကိုယ်ကအငယ့်အပိုင်ဆိုတဲ့ အမှတ်အသားလေးရှိနေတာ ဘယ်လောက်ကောင်းလိုက်လဲ...."

"တကယ်လို့ ကိုယ်အတိတ်မေ့သွားရင်တောင် ဒီအမာရွတ်ကိုမြင်ရင်တွေးမိမှာပဲ.... တဖြည်းဖြည်းနဲ့ အငယ့်ကို သတိရလာမှာ အသေအချာပဲ....အ! ဘာလို့ရိုက်ပြန်တာလဲ အငယ်ရ"

"အား!!!!!!!!"

အသံတွေပုံရိပ်တွေ တိုးလာသည်နှင့်အမျှ ခေါင်းက မခံနိုင်လောက်အောင်ကိုက်လာသည်မို့ ခေါင်းအုံးကိုမျက်နှာအပ်ကာ အော်ဟစ်ညည်းညူမိသည်။ နှလုံးသားမှနာကျင်မှုတို့နှင့်အတူ ရင်ဘတ်ထဲဆို့တက်လာသည်။

"အငယ်..."

နှုတ်မှဖွဖွရွတ်လိုက်မိတော့ နှလုံးသားကဆစ်ခနဲ...။

အငယ်ကဘယ်သူလဲ...ဘယ်သူမို့လို့....

"အ!"

နှလုံးသားက မခံရပ်နိုင်လောက်အောင်နာကျင်လာသည်မို့ ရင်ဘတ်ကိုဖိကာ ညည်းတွားမိသည်။

....မင်းကိုဘယ်သူလဲဆိုပြီး စဥ်းစားမိတာတောင် ငါ့နှလုံးသားက ဒီလောက်နာကျင်ရတယ်တဲ့လား?

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now