Part.1

33 3 0
                                    

Unicode..₴

ကျွန်တော့နာမည်က ကင်ထယ်ယောင်း..
အိမ်က appaနဲ့ ommaကတော့ ချစ်စနိုးနဲ့ ထယ်လေးလို့ခေါ်ကြတယ်...

ကျွန်တော့ဘဝရဲ့ အမြတ်နိုးဆုံးလူသား ခေါ်တာကတော့ ယောင်းတဲ့..သူကတော့ ချစ်စနိုးနဲ့ခေါ်တာဟုတ်ချင်မှ ဟုတ်လိမ့်မယ်..သူစိတ်ကြည်နေရင်တော့ ယောင်းလေးလို့ ခေါ်တတ်တယ်..

ဘယ်လိုပဲခေါ်ခေါ်ပါ ကျွန်တော့နားထဲမှာတော့ သူခေါ်တဲ့အသံလေးက သံစဥ်တေးသွားလေးလိုပဲ...သိပ်ကို နားဝင်ချိုလွန်းတယ်...

ကျွန်တော့ဘဝထဲ သူစဝင်လာက

-----------------------------

အေးချမ်းလှတဲဲ့ ဒယ်ဂူမြို့လေး..
ထိုအေးချမ်းမှုတွေနဲ့ အပြိုင် ဖခင်ရဲ့ ရင်ခွင်ထဲတွင် ခေါင်းလေးတိုးကာ အိပ်မောကျနေသော..၄နှစ်အရွယ် ကလေးလေး..

Mrs.kim: "ကိုရေ ထတော့လေ..အလုပ်သွားရဦးမယ်မလား..ထယ််လေးကလည်း အိပ်မောကျနေလိုက်တာ.."

Mr.kim: "မဖြစ်သေးဘူး..မိန်းမရေ.,ထယ်လေးက ကို့ရင်ခွင်ထဲမှာ ဇိမ်ကျနေတာ"

Mrs.kim: "နောက်မှဇိမ်ကျပါတော့နော်..ခုတော့ ထယ်လေးလည်း မူကြိုနောက်ကျနေပြီ..ကိုလည်းထပြီး အလုပ်သွားတော့"

ထယ်လေးတို့ သားအဖကိုနိုးရန် လိုက်ကာတွေဆွဲတင်နေရင်း..လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဟိုဖက်ခြံကို..Mrs.kimအာရုံရောက်သွားသည်..

ရင်ခွင်ထဲမှ ထယ်လေးကို ဖြည်းဖြည်းလေးဆွဲထုတ်လိုက်တော့..တအီးအီးနဲ့ အော်ပြီးပြန်အိပ်သွားသော ကလေးလေး..

ထို့နောက် Mr.kimရဲ့ အာရုံတို့သည်လည်း တဖက်ခြံဘက်လို့ရောက်လာသည်..

Mrs.kim:"ဟိုဖက်ခြံကို လူတွေပြောင်းလာကြပြီနဲ့တူတယ်"

Mr.kim: "ဘယ်သူပြောင်းပြောင်း ကိုတို့က အိမ်နီးချင်းကောင်းတွေဖြစ်ပေးရမှာပေါ့"

Mrs.kim:"နောက်မှ အိမ်နီးချင်းကောင်းဖြစ်ပေးတော့..ခုတော့ ရေမိုးချိုးပြီး အလုပ်သွားဖို့ပြင်တော့"

Mrs.kimလည်း သူ့အမျိုးသားကို မနက်စာကျွေးပြီး..အလုပ်သွားရန် ခြံဝထိပ်ထိ လိုက်ပို့ပြီးနောက်..ထယ်လေးကို နိုးရန်လာခဲ့သည်..

𝕋𝔼𝔸ℝWhere stories live. Discover now