Part (9)

170 30 8
                                    

Unicode

အပိုင်း (၉)

Handian ၏‌ နွေရာသီသည်အလွန်ပူပြင်း၍ အနေရခက်လှသည်။   မွန်းတည့်ချိန်ဖြစ်သဖြင့် အပူရှိန်သည် အလွန်ပြင်းထန်ပြီး ‌ ရေနွေးပေါင်း‌အိုး ထဲ ဝင်နေရသလို ဖြစ်ပြီး အဝတ်မဝတ်ထားလျှင်ပင် ချွေးတောက်တောက်ကျစေနိုင်သည်။ ပိုဆိုးသည်မှာ သူတို့သည်ရိုက်ကူးရေးအတွက်အလွှာများစွာပါ သော ဝတ်စုံများကို ၀တ်ဆင်ထားရခြင်းဖြစ်သည်။

ထိုနေ့အတွက် အရိပ်အကာမရှိသော ကွင်းပြင်တွင်ရိုက်ကူးရသော ဇာတ်ဝင်ခန်း မှာ အနေအထားအဆင်မပြေသဖြင့် အကြိမ်ကြိမ်ရိုက်ကူးနေရသည်။  ကျန်းကျယ်ဟန့် ၏ကျောပြင်သည်ချွေးများဖြင့်စိုရွှဲနစ် နေပြီးပူ‌ပြင်းလှ‌ သော လေထုသည်သူ့ကိုအသက်ရှူမဝ ဖြစ်ကာ  မူးနောက်နောက်ဖြစ်စေသည်။

ကျန်းကျယ်ဟန့် ၏ ဖြူဖျော့နေသောမျက်နှာကိုမြင်လျှင်ကုန်းကျွင်းက စိုးရိမ်စွာပြောလိုက်သည်။

"ကောက နေ့တိုင်း Diet လုပ်တယ်ဆိုပြီး အရမ်းအစား လျှော့စားတယ်၊  အခုချွေးတွေအရမ်းထွက်နေတာ နေလို့အဆင်ပြေရဲ့လား "

ကုန်းကျွင်းက စိတ်ပူစွာ ပြောရင်း ရေတစ်ပုလင်းကိုအလျှင်အမြန်ထုတ်၍ကျန်းကျယ်ဟန့်ကိုလှမ်း‌ ပေး လိုက်ပြီးသူ့ကိုအေးအောင်ယပ်တောင်ဖြင့်ခတ်ပေးလိုက်သည်။

ကျန်းကျယ်ဟန့် ရေတစ်ငုံသောက်လိုက်ပြီးသူ့ကိုကြိုးစား ပြုံးပြလိုက်သည်။ 

"ငါဘာမှမဖြစ်ပါဘူး  ငါတို့ ဒီအခန်းလေးအဆင်ပြေအောင်အရင်ရိုက်လိုက်ကြတာပေါ့"

ကျန်းကျယ်ဟန့် သည် ဇာတ်ညွှန်းစာအုပ်ကို ကိုင်၍  ကုန်းကျွင့် ဘေးတွင်ရပ်ကာဖတ်ရန်ကြိုးစားနေသော်လည်းသူက ဇာတ်ညွှန်းထဲမှာ လုံးဝ အာရုံမစိုက်နိုင်တော့ဘဲ ခေါင်းထဲမှာမိုက်ကနဲဖြစ်သွားပြီး သူ၏ခြေလက်များလဲ တဖြည်းဖြည်းအားနည်းလာသည်ဟုခံစားလိုက်ရကာ တောင့်မခံနိုင်တော့ပဲ ပျော့ခွေကျသွားသည်။

"ကော... ဟန်ကော ...."

ကုန်းကျွင့်သည် အလွန်အမင်းအထိတ်တလန့်ဖြစ်သွားသည်။ ကျန်းကျယ်ဟန့် သတိလစ်သွားပြီးရုတ်တရက်လဲကျသွားသောအခါသူ့ မသိစိတ်ကချက်ချင်း လက်ကိုဆန့်ထုတ်လိုက် ပြီးသူ့လက်နှစ်ဖက်ဖြင့် ပျော့ခွေကျလာသော ခန္ဓာကိုယ်လေးကို အလိုအလျှောက် ဖမ်းထိန်းထားလိုက်သည်။

Uncontrollable Love (Completed)Where stories live. Discover now