New...အခန်းထဲမှာ ကိုယ်ဝန်ဆောင်သည်နဲ့ ပတ်သက်စာအုပ်တွေဖတ်ရင်း
စားပွဲပေါ်က Tayနဲ့Loveပုံတွေမြင်တိုင်း...ရင်ဘတ် ဘယ်ဘတ်ခြမ်းက အောင့်အောင့်တက်လာသည်...."သရက်စိလေး...PaPaနဲ့အတူ မရှိတော့ရင် ဒီကDaddy Tayနဲ့ အန်တီLoveရဲ့စကား နားထောင်ရမယ်နော်...
PaPaလည်း သရက်စိလေးဆီ မကြာမကြာလာလည်မှာပါ...
သရက်စိလေးကြီးလာရင် Daddy Tayလိုဖြစ်အောင်
ကြိုးစားရမယ်နော်...သူက အရမ်းတော်တာ...PaPaလိုမဟုတ်ဘူး..."Newဗိုက်ကလေးကိုပွတ်ရင်း စကားပြောနေတုန်း
အပြင်က တံခါးလာလောက်တာကြောင့် သွားဖွင့်ပေးလိုက်သည်"Newwiee သားလေး...မာမီနဲ့အတူ မုန့်လာစားလေ...
အခန်းထဲမှာပဲ အောင်းမနေနဲ့...""ဟုတ်ကဲ့...သား ဒီစာအုပ်လေး ပြီးအောင်...ဖတ်ပြီးရင် လာခဲ့လိုက်မယ်..."
"ဘာစာအုပ်လဲ...မာမီ့ကို ပြပါအုံး..."
"ဒီမှာပါဗျ...."
Newစားပွဲပေါ်က ဖက်လက်စ စာအုပ်ကိုပြတော့...
Tayအမေလည်း ဓာတ်ပုံတွေကို တွေ့သွားသည်..."သားကို... အားနာလိုက်တာ....မာမီ Tayကို ဒီဓာတ်ပုံတွေ ဖယ်ပစ်ခိုင်းလိုက်ပ့မယ်...."
Tayအမေက စားပွဲပေါ်က ဓာတ်ပုံတွေ မှောက်ပစ်လိုက်တာကြောင့်...
"မာမီ...P'Tayကို ဘာမှ မပြောပါနဲ့နော်😥...""သားတို့ ဖွင့်မပြောလည်း...သားနဲ့Tayက ချစ်လို့ယူထားတာမဟုတ်မှန်း သိပြီးသားပါ....ဒါပေမဲ့...သားက
Tayနဲ့တရားဝင်လက်ထပ်ထားတဲ့ Tayရဲ့ဇနီးပဲလေ...
သားက သူ့ကလေးကိုတောင် ဝမ်းနဲ့လွယ်ပေးထားတာပဲ...
ဒီတော့...Tayအချစ်တွေကို သားNewကပဲ ရသင့်တယ်...""ဒါပေမဲ့...."
"Newwiee...ဒါပေမဲ့တွေ လုပ်မနေတော့နဲ့...လာ...မာမီနဲ့ အောက်ထပ် ဆင်းပြီး မုန့်သွားစားမယ်..."
"ဟုတ်..."
-
-
-
Newတို့ မုန့်စားနေတော့...အိမ်ကိုဧည့်သည်ရောက်လာခဲ့သည်...New - "Krist...ဘယ်လိုလုပ် ရောက်လာတာလဲ..."
Krist - "မင်းဖုန်းကို ခေါ်မရလို့လေ...ပြီးတော့ ငါရုံးချုပ်ကို သွားတော့ Khun Tayနဲ့ Loveကို အတူတွေ့ခဲ့တယ်..."
Krist အလောတကြီးနဲ့စွတ်ပြောပြီးမှ...ဘေးက Tayအမေကို တွေ့သည်...😆
