တစ်ရက်တစ်ခြား ပြိုင်ပွဲတွေဆက်လာခြင်းနှင့်အတူ အရင်ကထက်ပိုပြီး ရိပေါ်ကိုလူသိများလာခဲ့တယ်၊ စီနီယာတော်တော်များများနှင့်တောင် ရိပေါ်ရဲ့ စကေးက အခုဆို တစ်တန်းထဲရယ်၊ ပိုပြီးအောင်မြင်လာတာနဲ့အမျှ လေ့ကျင့်ရေးချိန်တွေက ပိုတိုးလာပြီး အိမ်ပြန်ချိန်တွေ မမှန်ခဲ့သည်မှာ ကြာခဲ့ပြီ။
ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီအချို့ကတောင် ရိပေါ်ကိုမော်ဒယ်ထိုင်ပေးဖို့ ကမ်းလှမ်းလာသည်အထိ၊ ရိပေါ်ရဲ့အိမ်မက်ကရိုးရှင်းတယ် ဝါသနာပါတဲ့အလုပ်တစ်ခုလုပ်ပြီး ချစ်ရသူနဲ့ သက်ဆုံးတိုင်အတူနေနိုင်ဖို့၊ ဒါကြောင့် သူ့ဝါသနာနဲ့ မကိုက်တဲ့အလုပ်တော်တော်များများကိုငြင်းခဲ့တယ်၊ သူ့ကိုလူတွေ အာရုံစိုက်နေတာမျိုး မလိုလားဘူး။
လက်ထောက်မန်နေဂျာ အသစ်ရောက်လာလို့တာတော်တော့တယ်၊ မဟုတ်ရင် သူ့ကိစ္စတော်တော်များများကို တာဝန်ယူပေးရတဲ့မန်နေဂျာကို တစ်ကယ်အားနာမိလို့၊ ပိုင်လင်းမိန့်က သူဌေးသမီးဆိုပေမယ့် တစ်ခြားတစ်ဌေးသမီးတွေလိုမျိုး မာနကြီးတာတို့၊ အောက်ခြေ
လွတ်တာတို့ မရှိဘူး။အလုပ်သင်အနေနဲ့ အလုပ်ဝင်ပြီး အားလုံးကို
ရိုရိုသေသေ ဆက်ဆံတယ်၊ ရိပေါ်သဘောကျရတဲ့အချက်ကတော့ privacy ကို သူကတော်တော်နားလည်ထားလို့ဘဲ၊ ဒါကြောင့် ပိုင်လင်းမိန့်နဲ့ သူ့အခြေအနေက ရောက်စ,နဲ့ မတူဘဲ ပိုပြီး အဆင်ပြေလာတယ်။"လင်းမိန့် အကိုဒီနေ့ အစောပြန်လို့ရလာ..."
"ခဏနော်ကော..မိန့်မိန့်ကြည့်ပေးမယ်..."
"အင်း..."
"ရတယ်ကော...ကောတို့အဖွဲ့က နောက်တစ်နာရီနေရင် နားလို့ရပြီ..."
"အင်းပါ ကျေးဇူးဘဲ..."
ဒီနေ့ဟာ ရိပေါ်နဲ့ ကိုကို့ရဲ့ ချစ်သူသက်တမ်း
(၃)နှစ်ပြည့်တဲ့နေ့လေးမို့ စိတ်လှုပ်ရှားနေရတယ်၊ ကိုကိုကတော့ ထုံးစံအတိုင်းမေ့နေတယ်ထင်ပါရဲ့၊ ဒါပေမယ့်ကိုကို့ ကိုအပြစ်မဆိုရက်၊ suprise လုပ်ပေးရလို့တောင် ပျော်နေပါသေးတယ်။ညနေအစောပြန်ပြီး ကိုကို့ကို supriseလုပ်ပေးဖို့ ကြိုပြီး ပြင်ဆင်နေရတယ်၊ အနီရောင်သိပ်ကြိုက်တဲ့ ကိုကို့အတွက် အနီရောင်လက်ဆောင်ဘူးလေးက နှစ်တိုင်းမပါမဖြစ်၊ အားလုံးပြင်ဆင်ပြီးသွားတော့ အချိန်အားဖြင့် ည(၆)နာရီ၊
ရုံးဆင်းချိန်လည်း ကျော်နေပြီမို့ ရိပေါ်မှာ
ဖင်တကြွကြွဖင့်....
YOU ARE READING
Infinity...(Complete)
Fanfictionသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)