H A n D

135 13 0
                                    

Unicode ver:

တစ်ပတ်မှာ ခုနစ်ရက်
မင်းကို  ချစ်တာ ဒီတစ်သက်..

.
.
.
.

ဒီနေ့က သောကြာနေမို့ ဘတ်ခ်ဟျွန်း ပျော်ပါသည်။
မနက်ဖြန် အားလပ်ရက် ရပြီဖြစ်လို့ အိမ်အပြန်လမ်းမှာ အရင်နေ့တွေထက်  ‌ခြေလှမ်းတွေ တတ်ကြွနေတာ ကိုယ်ကိုယ့်သာအသိဆုံးပင်။

အိမ်နားက mini mark လေးမှာ လိုအပ်တာတွေ ၀ယ်မယ် ပြီးရင် မသောက်တာ ကြာပြီဖြစ်သော
ဆိုဂျူးလေးပါ အပါပေါ့။

အိမ်တံခါး pw ရိုက်ပြီး လက်ထဲက ၀ယ်လာတာတွေ စားပွဲပေါ်တင် ပြီးတော့အ၀တ်အစားတွေကို ချွတ်ပြီး အရက်ပျံနဲ့ ဖြန်း
အ၀တ်လျှော်စက်ထဲ ထည့် ဟုတ်သည်လေ ကိုယ်က covid
ကာကွယ်‌ေဆးထိုးပြီးလည်း ပေါ့ပေါ့တန်တန်နေလိုမရဘူးလေ
ဂရုစိုက်ပြီး လုပ်သင့်တာလုပ်ရမယ်လေ အ၀တ်လျှော်စက်ထဲ
အ၀တ်ထည့်ပြီး အားလုံးအပြီးစီး timer ပေးကာ ရေချိုးဖို့
လုပ်ရမည်။ bathtub ထဲ လာဗင်ဒါ အနံပါတဲ့ဆပ်ပြာလေး
ထည့်ကာ ရေစပ်ပြီးသည်နှင့် တစ်ခါတည်း bathtubထဲ ၀င်လိုက်သည့်နှင့်တစ်နေ့ကုန် ညောင်းညာနေတာတွေက လန်းဆန်းသွားသည်က တကယ်ကိုခံစားမူကောင်း
တစ်ခုပါပဲ။

ရေချိုးပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ညအိပ်၀တ်စုံလေးကို ၀တ်ကာအချိန်တိကျစွာ ပြီးဆုံးသွား‌ေသာအ၀တ်လျှော်စက်လေးဆီသွားကာ လျှော်ပြီးသား အ၀တ်များကို နေရာတကျလှမ်းရင်း သီချင်းလေးပါ ညည်းနေတာက တကယ်ကို ပျော်နေတဲ့ ဘတ်ဟျွန်းနီးလေးပါပဲ။

အလုပ်တွေအားလုံးပြီးစီးသွားပြီဖြစ်လို့ ဗိုက်ကလေးက ဆန္ဒပြနေလေပြီ။ ၀ယ်လာတဲ့ ဆိုဂျူးတွေရယ် ကြက်ကြော်တွေရယ် ပင်လယ်စာထောင်းလေးတွေရယ် ကို ချကာ သောကြာ
နေ့ည ဆိုတဲ့ ပျော်ရွှင်မူအရသာကို ခံစားပါတော့မည်။

ဆိုဂျူးက မသောက်တာကြာလို့လားပင်မသိ တစ်ခွက်သောက်ပြီး မူးချင်သလိုပဲ  အရှေ့ကဖွင့်ထားတဲ့ တီဗီကလည်း ကြည့်ရတာ ပျင်းလာပြီဖြစ်သောကြောင့် အင်တာနက်
သုံးရန် ဖုန်းကို ဖွင့်လိုက်တော့ တတ်လာသည်က Aeri‌တွေရဲ့
Post တွေပင် ဖြစ်သည်။

ချန်းယောလ် musical က ပုံတွေရယ် ပြီးတော့ လက်ကိုင်
နေတဲ့ပုံတွေ ရယ်နေတဲ့ပုံတွေ လက်နှိပ်ပေးနေတဲ့ပုံတွေ အကုန်
စုံနေတာပါပဲ။

You've reached the end of published parts.

⏰ Last updated: Nov 02, 2021 ⏰

Add this story to your Library to get notified about new parts!

H A n D  (One Shot)Where stories live. Discover now