Unicode
အပိုင်း(၁၀)
ကျန်းကျယ်ဟန့် ရိုက်ကွင်းမှာ မူးလဲပြီး နောက်တစ်ရက်တွင်ကုန်းကျွင့် က ကျန်းကျယ်ဟန့် ကိုသူ့ RV ထဲကိုခေါ်သွားပြီး သူလတ်လတ် ဆတ်ဆတ် ချက်ပြုတ်ထားသောအစားအစာများကို စားစေသည်။
"ကော များများစားပါ နော် အာဟာရချို့တဲ့ရင်နောက်တစ်ခါ ထပ်မူးလဲ လိမ့်မယ်"
ကုန်းကျွင့် ကဟင်းများကို ကျန်းကျယ်ဟန့် ပန်းကန်ထဲသို့ထည့်လိုက်ရင်း ပြော သည်။
"ကျွင်းကျွင်း ဟင်းတွေအရမ်းများနေပြီလေ "
"ကျွန်တော် ကော ကို အရမ်း စိတ်ပူတယ် ... "
သူ့ရှေ့တွင် ကျန်းကျယ်ဟန့် မူးလဲ သွားသောမြင်ကွင်းကိုတွေးမိတိုင်းကုန်းကျွင်း၏နှလုံးသားများနာကျင်စွာခံစားရသည်။ ထိုအချိန်တခဏတွင် သူ့နှလုံးသွေးကြောများ အေးခဲရပ်တန့် သွားသလိုခံစားခဲ့ရသည်။ ကျန်းကျယ်ဟန့် တခုခုဖြစ်သွားမည်ကို သူဘယ်လောက်စိုးရိမ်မိကြောင်းကုန်းကျွင်း သူကိုယ်သူသာ အသိဆုံးဖြစ်ချေမည်။ သူ ထိုလူသားကို နည်းနည်းလေးမှ အထိခိုက် မခံလိုပါလေ။
ကုန်းကျွင့် ၏ ဂရုစိုက်သောစကားများကိုနားထောင်နေရင်း ကျန်းကျယ်ဟန့် သည်ချက်ချင်းပင်မျက်နှာနီမြန်း သွားပြီး
"ကော သိပါတယ် ကျွင်းကျွင်း" ဟု တိုးတိုးလေးပြောလိုက်သည်။
ကျန်းကျယ်ဟန့် ကခေါင်းကိုငုံ့လိုက်ပြီး၊ သူ့အတွက်ကုန်းကျွင်းချက်ပြုတ်ထားတဲ့အစားအစာများ ကိုစားပြီးတကိုယ် လုံး နွေးထွေးသွားသလို ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်တွေ ကွေးညွတ်လာအောင်ပြုံးလိုက်မိသည်
ကျန်းကျယ်ဟန့် ရိုက်ကွင်းမှာ မူးလဲခဲ့တဲ့ အချိန်ကစပြီးရိုက်ကူးရေး အဖွဲ့သားတွေ နေ့တိုင်းမြင် နေ ရ တဲ့ မြင်ကွင်းကတော့ နေ့တိုင်း ကုန်းကျွင့် ဟာပန်းသီးတစ်လုံးနဲ့ကားပေါ်ကဆင်းလာခဲ့တာရယ် ၊ ပြီးတော့ ကျန်းကျယ်ဟန့် လက်ထဲမှာပန်းသီးတစ်လုံးနေ့တိုင်း တိုးလာတာရယ် ဖြစ်ပေသည်။
YOU ARE READING
Uncontrollable Love (Completed)
Fanfictionကျန်းကျယ်ဟန့် - ရှောင်ယွီ!!! မင်းထင်သလို ငါ ဇာတ်လမ်းထဲမျောပါသွားတာမဟုတ်ဘူး ငါ သူ့ကို တကယ် ချစ်မိသွားတာ ကုန်းကျွင့် - ကော က ကျွန်တော့်ကို ပြုစားနိုင်လွန်းတယ် ကျွန်တော် ကော အတွက် ဘာမဆိုစွန့်လွှတ်နိုင်ပေမယ့် ကျွန်တော့်ကြောင့် ကောကြိုးစားခဲ့တာတွေ ထိခို...