Part 8

1.1K 233 82
                                    

အခန်း-၈

အဲဒီနေ့က တကယ်ကို လူတစ်ယောက်ပဲ လွှတ်လာတာ။ အဲလူရဲ့ ပုံစံက အမှန်တကယ်ပဲ ကြောက်လန့်ပြီး အပြစ်ရှိသလိုမျိုး မျက်နှာထားနဲ့။ ဒါပေမဲ့ မတည်မငြိမ် ဖြစ်နေတာကိုတော့ အထင်အရှား သိနိုင်သေးတယ်။

ဦးစစ်က အစပိုင်းမှာ အဲလူကို စောင့်ကြည့်ခိုင်းထားသေးတယ်။ အရင်တုန်းကလည်း အဲလိုပဲ။ စောင့်ကြည့်ခိုင်းထားသေးတယ်။ ဒါပေမဲ့ စောင့်ကြည့်ကာလ ပြီးမှ ဟိုလူက လုပ်ငန်းစတာလေ။

ဒီတော့ ဖြစ်နိုင်တာ စောင့်ကြည့်ကာလကို ထပ်တိုးရမယ် ထင်တယ်။ စောင့်ကြည့်ကာလ ထပ်တိုးဖို့ကို ဦးစစ်ကို ပြောကြည့်ရမယ်။

အတွေးနဲ့ အတူ တတိယထပ်ကို တက်လာခဲ့မိတယ်။ အာ.. အိမ်ပုံစံ ပြောရအုံးမယ်။

အိမ်က လေးထပ် ရှိတယ်။ အပေါ်ဆုံးထပ်မှာကကျတော့ တကယ်ကို အန္တရာယ်များတာတွေကို စနစ်တကျ ထားထားတာ ဖြစ်တယ်။ တော်ရုံလက် ဝင်လို့ မရသလို အလှည့်ကျ အစောင့်တွေလည်း ရှိတယ်။

အစောင့်တွေက အစောင့်တွေ ရှိတယ် ဆိုတာလောက်ပဲ သိပေမဲ့ တကယ်တမ်းမှာ အဲထက် မကတဲ့ လုံခြုံရေးစနစ်ကိုလည်း ဦးစစ်က သိသေးတယ်။ ပြောရရင် အဲဒီလုံခြုံရေးစနစ်တွေကို ဦးစစ်ကပဲ ထိန်းချုပ်တာ ဖြစ်တယ်။

ဥပမာ လျှပ်စီးလွှတ်ထားတာတို့၊ မြှားအတိုလေးတွေ ပစ်တာတို့.. လုံခြုံရေးစနစ်တွေကို ဦးစစ်ရဲ့ လက်ဗွေနဲ့မှ ပိတ်လို့ ရအောင် စီမံထားတယ်။ အဖွဲ့ထဲက ဘယ်သူမှ မသိဘူး။ ကျွန်တော်နဲ့ သောကတောင် မသိဘူး။

ဘာလို့လဲ ဆိုတော့ အဖြေက ရှင်းပါတယ်။ ဦးစစ်က ဘယ်သူ့ကိုမှ အပြည့်အဝ မယုံဘူး။ အဲအကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောပြဘူး။ ဖြစ်နိုင်တာက အဲဒီလို လျှပ်စီးပတ်လမ်းတွေကို စီမံတဲ့သူတောင်မှ အသက်ရမှ ရှိေသေးရဲ့လား မသေချာဘူး။ ကျွန်တော်လည်း မမေးရဲဘူး။

မမေးရဲတဲ့ ကိစ္စကိုတော့ ထားလိုက်ပြီးတော့ သတိပေးရမှာကို ပြောဖို့ ကျွန်တော်က ဦးစစ်ရှိနေတဲ့ တတိယထပ် တက်လာတဲ့ လှေကားမှာ အကြောင်းပြချက် အတော်များများကို တွေးထားခဲ့တယ်။

မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာ/မင်းကို မချစ်တော့ဘူး ဆိုတာ ငါညာတာWhere stories live. Discover now