🤍33🤍

1.2K 105 9
                                    

🐯Unicode🐯

Cho ရဲ့ Brand အသစ်မိတ်ဆက်ပွဲကို Bright တက်ဖြစ်ပါသည်။အော်..ကိုယ့်ပွဲကနာမည်ကြီးကာမှကြီးရော သူတို့ပွဲကိုဘယ်မှီပါ့မလဲ။ဘယ်လောက်တောင် အရှိန်အဝါကြီးလဲဆိုရင် ကိုယ့်ပွဲထက်အဆတစ်ရာသာလွန်တဲ့ အပြင်အဆင်နဲ့ အောင်မြင်မှုထိပ်ဆုံးရောက်နေတဲ့ ပွဲတက်လာသူတွေကိုကြည့်ရင် သိသာပါသည်။

ပွဲခန်းမထဲစဝင်တာနဲ့ မီဒီယာအားလုံးလိုလိုရဲ့ အာရုံစိုက်မှုကို ရရှိလိုက်တာတော့ လက်ရှိဂယက်ထနေဆဲ တက်သစ်စသရုပ်ဆောင် Win နဲ့ အောင်မြင်ခါစ CEO တို့ရဲ့ သာမာန်မဟုတ်တဲ့ဆက်ဆံရေးဆိုတဲ့ သတင်းကြောင့်ဖြစ်ပါလိမ့်မည်။

ကိုယ့် Company ရှေ့ထိ လာရောက်ထောက်လှမ်းကြတဲ့ သတင်းထောက်တွေကို ဥပဒေတွေရဲတွေနဲ့ ခြိမ်းခြောက်မောင်းထုတ်နိုင်ခဲ့သော်ငြား ဒီပွဲမှာတော့တမင်ရှောင်ဖယ်သွားလို့မရပေ။

မေးလာရင် ဘယ်လိုဖြေရပါ့။ဒါပေသိ Metawin group ရဲ့အရှိန်အဝါကြောင့် လက်ရှိပွဲနှင့်မသက်ဆိုင်သည့် အကြောင်းအရာကို မေးမြန်းလိမ့်မည်ဟုတော့ မထင်၍သာ Bright ဤပွဲကိုတက်ရဲခြင်းပင်။

"Mr.Bright တက်ရောက်ပေးတာ ကျေးဇူးတင်ပါတယ်ရှင် အရမ်းဝမ်းသာတာပဲ ဟိုဘက်ကဧည့်သည်တွေနဲ့စကားကောင်းနေတာ မမြင်လိုက်ဘူးဖြစ်သွားတယ်"

ကိုယ့်ကိုမြင်တာနဲ့ တကူးတကလာနှုတ်ဆက်တဲ့ Cho ကို Bright တအံတသြဖြစ်သွားသည်။ဝတ်ကျေတမ်းကျေနှုတ်ဆက်တာမျိုး မဟုတ်ဘဲ အရမ်းဖက်လှဲတကင်းဖြစ်နေလို့။
ကမ်းပေးတဲ့လက်တစ်စုံက ခပ်ပါးပါးပြုံးရင်း ပြန်နှုတ်ဆက်လိုက်သည်။

အရင်တည်းကမှ အာရုံကျနေတဲ့မီဒီယာတွေက Cho အနားရောက်လာတာနဲ့ Bright အနားဝိုင်းအုံလာကြသည်။

"မေးခွန်းအနည်းငယ် ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ"

"ရပါတယ် မေးမြန်းနိုင်ပါတယ်ရှင်"

"ယနေ့ပြုလုပ်တဲ့ ပွဲအကြောင်းရှင်းပြပေးပါဦးခင်ဗျာ"

"ဟုတ်ကဲ့ ဒီနေ့ပွဲကတော့ china အ​ခြေစိုက် Metawin group ရဲ့ Company ခွဲတစ်ခုဖြစ်တဲ့ Cho ရဲ့ New Thailand Company ကနေဦးစီးပြီးဆောင်ရွက်တဲ့ Brand အသစ်မိတ်ဆက်ပွဲဖြစ်ပါတယ် Metawin group ကနေ Brand ပေါင်းရာကျော်ထုတ်ခဲ့ပြီး အကုန်လုံးဟာ ကမ္ဘာတစ်ဝှမ်းအောင်မြင်ခဲ့ပါတယ် ခုထပ်မံမိတ်ဆက်မယ့် Brand အသစ်ကိုလဲ ယုံယုံကြည်ကြည်နဲ့ စောင့်ကြည့်ပေးကြပါဦးရှင်"

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Où les histoires vivent. Découvrez maintenant