အားလုံးပဲ မင်္ဂလာညခင်းပါနော် ဒီနေ့တော့အထူးစပါယ်ရှယ်နေ့လေးပါပဲ ပေါင်ပေ့တို့ရေ
ဒါ့ကြောင့် Viewer 1K ပြည့်သွားတဲ့အနေနဲ့ ဒီနေ့တစ်ပိုင်းထပ်တင်ပေးလိုက်ပါတယ်နော် ၊ အပ်ပုဒိတ်မမှန်တဲ့ ဒီကောင်မလေးကို စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးလို့ ကျေးဇူးပါနော်။
အားလုံးပဲ အိမ်မက်လှလှမက်ပါစေ။
မုန့်ချူ က ပြန်မသွားခဲ့ဘူး။ သူမသည် ဟင်းချက်ပြုတ်တာတွင်ကူညီရန် ချန်မိသားစု၏ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမဟာ သခင်မကြီးချန်ကြိုက်နှစ်သက်တဲ့ ဟင်းမျိုးစုံကို ချက်ပြုတ်ပြီး ချန်ကျင်းဖုန်းနှစ်သက်တဲ့အရာတွေကို ပြုလုပ်ခဲ့တယ်။ သူမ ဟင်းချက်နေတုန်း ချန်မိသားစုရဲ့ အစေခံတွေက သူမကို သနားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။
မုန့်ချူ ကူညီခဲ့ဖူးသော အစေခံတစ်ဦးမှ မထိန်းနိုင်ဘဲ "မမလေးမုန့် ၊ ငါတို့ရဲ့သခင်မလေး၊ သိပ်စိတ်မပူပါနဲ့" လို့ ပြောလိုက်တယ်။ "မမလေးက သခင်လေးရဲ့စေ့စပ်ထားသူပါ။ နေရာတည်ငြိမ်ပြီး အနိုင်ရဖို့ ကလေးကို အားကိုးရမယ်" လို့ ပြောပြီးတဲ့အခါ သူမ က ရှက်သွားခဲ့တယ်။
ထိုအချိန်တွင်၊ မုန့်မိသားစုက မုန့်ချူ သည် ချန်ကျင်းဖုန်း ၏အခန်းသို့သွားပြီး အုပ်ထိန်းသူကို လေးကိုချစေလိုသောကြောင့် သူမကို နှင်ထုတ်ခဲ့သည်ဟုပြောသည်။
မုန့်ချူ – "အနိုင်ရဖို့အတွက် ကလေးကို အားကိုးမယ်လို့ တစ်ခါမှမစဉ်းစားမိဖူးဘူး"
အစေခံက ပြုံးပြီး ဘာမှ ဆက်မပြောခဲ့ပါဘူး။
ဒီကိစ္စတွေကြောင့် သခင်မကြီးချန် က နေ့လည်ထမင်းစားချိန်မှာ မုန့်ချူကို ကြည့်နေပြီး အထူးသဖြင့် ချန်ကျင်းဖုန်း က သူထမင်းမစားတော့ဘူးလို့ ပြောတဲ့အချိန်မှာ သေချာအကဲခပ်နေသည်။ အစေခံက သူ့အခန်းထဲကို အစားအသောက်တွေယူသွားပေးခဲ့တယ်။
မစ္စချန်- "ချူးချူး၊ မင်းကို ငါ့ရဲ့အနာဂတ်ချွေးမအဖြစ်ရတာကို အရမ်းကျေနပ်နေတုန်းပဲ"
YOU ARE READING
ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)
RomanceType- Web Novel (CN) Genre- Comedy Josei Romance Status in COO 61 Chapters + 2 Extras (Completed) Author(s) - 桃花引(The Villain's Reborn Ex-girlfriend ရေးတဲ့Author) This novel is not mine . #Just Myanmar Fan Translation . English Translate from MTLNo...