PART 35(Z+U)

1.7K 151 21
                                    

Zawgyi

"သူမယုံကြည်နိုင်တဲ့အရာတွေဆိုပေမယ့်
သူက ရင်တွေတုန်ပြီး ရှက်နေတယ်တဲ့"

"အစ်ကို"

မင်းအဏ္ဏဝါက ရှန်း၏အနည်းငယ်မငြိမ်မသက်ဖြစ်နေသည့် မျက်တောင်ကော့ကော့လေးတွေကိုကြည့်နေရင်း ခပ်တိုးတိုးထပ်ခေါ်လိုက်ပေမယ့် ဒီတစ်ကြိမ်တော့ ပြန်ထူးသံက ကင်းမဲ့လို့နေ၏။

မင်းအဏ္ဏဝါက နှစ်ကိုယ်စာကြားရုံအသံဖြင့် ထပ်ဆို၏။

"ကျွန်တော် အစ်ကို့ကိုချစ်တယ်"

ရှန်းက မျက်ခုံးလေးတွေစုကျုံ့ထားလျက် မော့ကြည့်လာပြီး

"ငါ့ကိုချစ်တယ်"

ထပ်ဆင့်ရွတ်လိုက်သံက မယုံကြည်နိုင်စိတ်တွေကိန်းအောင်းလို့နေသည်က အသိသာပင်။

ယခုအထိ မေးမြန်းနေဟန် မျက်ဝန်းလဲ့လဲ့ကလေးတွေကို မင်းအဏ္ဏဝါက အသေအချာစိုက်ကြည့်ကာ ပြုံးပြလိုက်ပြီး

"အင်း ဟုတ်တယ်... ကျွန်တော်အစ်ကို့ကိုချစ်တယ်"

"ငါကလုံးဝချစ်စရာမကောင်းဘူး"

"ကျွန်တော့်အတွက်တော့ အစ်ကိုက ချစ်စရာအကောင်းဆုံးပဲ... တကယ်လို့ နောက်တစ်ယောက်ရှိတယ်လို့ တစ်ယောက်ယောက်ကများပြောလာရင် အစ်ကို့ကိုပြပြီး ကျွန်တော်က အနိုင်ယူပစ်မှာ"

နားထောင်နေသူက မျက်လုံးလေးတွေကစားရင်း မော့ကြည့်မြဲပင်။

"မင်းနဲ့တွေ့တာက ကြာသေးတာမဟုတ်ဘူး... ဒါ... ဒါကဘယ်လိုမှ... မဖြစ်နိုင်ဘူး"

တိုးတိုးရေရွတ်လိုက်သူ၏လက်မောင်းတွေကို မင်းအဏ္ဏဝါက ဖွဖွဆုပ်ကိုင်ထားရင်း ညင်သာအေးဆေးစွာပဲ ဆိုသည်။

"ချစ်မိတယ်ဆိုတာက အချိန်ကြာတာနဲ့မဆိုင်ပါဘူး... ဒါကြောင့် ချစ်တာတွေ၊ မချစ်တာတွေကို အစ်ကိုမယုံဘူးဆိုရင်လည်း အတင်းမစဉ်းစားပါနဲ့"

"My Only One" ✔️Where stories live. Discover now