Changbin ငယ်ငယ်ထဲက Lee မိသားစုကိုသတ်ပြစ်ချင်လောက်အောင်မုန်းခဲ့တယ်....
ဘာလို့မုန်းခဲ့လဲဆိုတော့.....
1နှစ်သားလေးကိုပွေ့ချီထားပြီး အိမ်ရှေ့ပန်းခြံထဲ လမ်းလျှောက်နေစဥ်
ကားအနက်ရောင်နဲ့လူတွေအများကြီးအိမ်ထဲဝင်လာပြီး
"Mr.Seo ထွက်ခဲ့"
"ဗျာ.."
"အခု သိန်း 7သောင်းပေးမလား..အသတ်ခံမလား"
"Mr.Lee မလုပ်ပါနဲ့ဗျ နည်းတဲ့ပိုက်ဆံကြီးမှမဟုတ်ပဲ ကျွန်တော်မှသားလေးနဲ့မိန်းမလဲရှိသေးတယ်"
"ကျွန်တော်ဒါတွေမမေးမိပါဘူး...သိန်း7သောင်းပေးမလား..အသတ်ခံမလားဆိုတာလေးပဲ"
"ကျွန်တော်တောင်းပန်ပါတယ်စောင့်..စောင့်ပေးပါအုံးဗျာ"
"အဲ့တော့အခုမပေးနိုင်ဘူးပေါ့??"
"ကျွန်တော်တကယ်ပေးပါ့မယ်ဗျာ.."
"shitt ရှုပ်လိုက်တာ.."
အိမ်ထဲသေနတ်သံကျယ်လောင်စွာထွက်လာပြီး....
"ကျွန်မတောင်းပန်ပါတယ်ပြန်ပေးပါ့မယ်"
"ရှုပ်တယ်သူ့မကိုပါပြစ်လိုက်"
Changbinသေးသေးလေးတယောင်ထဲငိုရင်းအိမ်ထဲကျန်ခဲ့သည်
မိဘနှစ်ပါးစလုံးသူ့အရှေ့တင်သေနတ်နဲ့ပြစ်သတ်ခံလိုက်ရပြီ Changbinသေးသေးလေး 1နှစ်သာရှိသေးတာမို့ ဘာကိုမှသိပ်နားမလည်နိူင်မှာ
ပြစ်သတ်သွားတဲ့လူတွေပြန်သွားတော့ အိမ်လာတဲ့အဒေါ်ကြီးမှသူ့အဖေအမေရုပ်အလောင်းကိုတွေ့ပြီး
"စိတ်မကောင်းလိုက်တာသားလေးရယ်..ဒီကလေးအခုမှလမ်းတောင်မလျှောက်တက်သေးတာ..ရက်စက်လိုက်ကြတာလူတွေများ"
ရက်အနည်းငယ်လောက်ကျတော့ Aussie က သူ့ဦးလေးဆိုသူရောက်ပြီးအဲ့နေ့ကစသူ့ဦးလေးကပဲပြုစုစောင့်ရှောက်တော့သည်
Aussie က ဦးလေးက အခုမှ 19နှစ် Bang Christoper Chan လူကသာငယ်တာ သူက Aussie ဘက်မှာနာမည်ကြီးနဲ့လုပ်ငန်းရှင်တဦးဖြစ်တဲ့အပြင် သိပ်ကြောက်ဖို့ကောင်းတဲ့ လူမျိူး