“ Taddy ကိုကို့ကိုလွမ်းနေတာလေ၊ ဟိုရက်ပိုင်းအဆက်အသွယ်မရတော့ ရူးမတတ်ဖြစ်သွားတာသိရဲ့လား? ကိုကိုက IG မှာလည်း Taddyပုံတွေ ကို like မပေးတော့ဘူး ၊ ဖုန်းဆက်တော့လည်း မကိုင်ဘူး စာတွေလည်းတစ်ခုမှ ၀င်မကြည့်ဘူး ”
ဖုန်းထဲကအသံက ငိုရှိုက်သံစွက်လျက်ပြောလာလျှင် သူစိတ်ရှုပ်စွာ နားနှင့်ဝေးရာလက်ခနဆန့်ထားလိုက်သည်
“ ငါလက်ထပ်လိုက်ပြီ တက်ဒီ!David မင်းကိုပြောပြီးသားမဟုတ်လား၊ သူ့ကိုမင်း ခနခနသွားနှောက်ယှက်တယ်ပြောလို့ ငါမင်းကို ဖုန်းခေါ်လိုက်တာ ထပ်ပြီး ငါတို့ပက်သတ်စရာမလိုတော့ဘူး ”
Taddyက သူအမေရိကမှာကျောင်းတက်တုန်းပက်သက်ခဲ့တဲ့တစ်ယောက်ဖြစ်သည်။ တရုတ်နဲ့ ပြင်သစ်သွေးစပ်ထားပြီး အသားဖြူဖြူခပ်ချောချောအရမ်းသွက်လက်သည့်တစ်ယောက်ဖြစ်၏။ သူဟိုမှာကျောင်းပြီးတော့လည်း ဒီကိုပြန်မလာဖြစ်ပဲ အဲ့မှာစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖြစ်တဲ့ထိ Taddyနဲ့သူအဆက်အသွယ်မပြတ်။
Taddyက အမေရိကားမှာအခြေ ချပြီး သူနဲ့ကျောင်းတူကာ သူ့ထက်အတန်းငယ်တဲ့ဂျူနီယာဖြစ်သည်။သူနောက်ဆုံးနှစ်ကျောင်းတက်ရင်း ဟိုကသူငယ်ချင်းတွေအဆက်အသွယ်နဲ့တွေ့ခဲ့ပြီး တွဲဖူးခဲ့ရုံ။သူပက်သက်ခဲ့သည့်လူတွေထဲ Taddyက အကြာဆုံးဖြစ်သည်။သူတရုတ်ကိုပြန်ရောက်မှသာ အဆက်အသွယ်ဖြတ်လိုက်တာဖြစ်သည်။
သူ Taddyကိုကြာကြာတွဲရသည့်အကြောင်းရင်းကလည်းရှိ၏။
သူ့အောက်မှာ အော်ညည်းနေတတ်တဲ့ Taddyရဲ့ ကိုယ်လုံးဖြူဖြူဖွေးဖွေးလေးနဲ့ မှဲ့နက်လေးသုံးလုံးကိုသူသဘောအကျဆုံးဖြစ်သည်။အဲ့အရာတွေကပဲ Taddyကို သူ့အနားကြာကြာရှိနေခွင့်ပေးထားတာဖြစ်သည်။