ဒီနေ့လေးကတော့ သာသာယာယာဘဲ၊ နှစ်ယောက်စလုံး အလုပ်မှာခွင့်ယူထားတယ်၊ အကြောင်းကတော့ မင်္ဂလာဝတ်စုံသွားရွေးရမှာမို့။
အပြင်သွားဖို့ ရိပေါ်ဧည့်ခန်းထဲမှာ စောင့်နေတာ နာရီဝက်ရှိပြီ၊ ချစ်စရာကောင်းတဲ့ကိုကိုကတော့ အခုထိထွက်မလာသေး။
ပြောရင်းဆိုရင်းလာပါပြီဗျာ...တီရှပ်အဖြူလေးကိုမှ အပေါ်ကနေ အသားရောင် အကွက်စိတ်
ရှပ်အကျီလက်ရှည်ပွပွလေးနဲ့ ခြေမျက်စိလောက်ထိရှည်တဲ့ဂျင်းဘောင်းဘီလေးဝတ်ပြီး ဖုန်းလေးကိုင်ကာ ပျာယာပျာယာဖြင့် ထွက်လာသည့်ချစ်ရသူလေး။တစ်ကယ်ပါ ကိုကိုကသူ့ထက်အသက်သာကြီးတာ ကလေးလေးအတိုင်းဘဲ၊ တစ်နေ့တစ်ခြား
ရိပေါ်မှာ ကိုကို့အတွက်ပါ ပေါင်းပြီးအို,ပေးနေရသလိုပင်..."သွားမယ်လေ မောင်.."
"ဟုတ်ပါပြီဗျ"
ကားဖြူလေးကတစ်ရွေ့ရွေ့ မောင်းနှင်လာခဲ့တယ်၊ စီယာတိုင်ပေါ်တွင် ညာဘက်လက်လေးတစ်ဖက်တည်းသာရှိပြီး ဘယ်ဘက်လက်လေးကတော့ ချစ်ရသူလက်လေးပေါ်ထပ်တူကျထားလေသည်။
လမ်းညွှန်ပေးနေသော ချစ်ရသူ၏စကားတိုင်းရပ်လိုက်မိသည့်နေရာက နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖွင့်ထားသည်ဟု ထင်ရသည့်မင်္ဂလာဝတ်စုံဆိုင်။
ဆိုင်ထဲဝင်ဝင်ချင်း ဧည့်ကြိုကောင်မလေးနှစ်ယောက်မှ...
"မင်္ဂလာပါရှင့်..
ဘာများဆောင်ရွက်ပေးရပါမလည်းရှင်""ကျန်းလီကျဲ ရှိလား မသိဘူး"
"ဟုတ်ကဲ့ ကျဲကျဲရှိပါတယ်...
လူကြီးမင်းတို့ ဒီမှာခဏလေးထိုင်စောင့်
ပေးပါရှင့်..""ဟုတ်ကဲ့.."
"ကိုကို.."
"ဟင်.."
"ဆိုင်ပိုင်ရှင်နဲ့သိတာလာ"
"အင်း သိတယ်..အယ် သူကကျန်းချန်အစ်မလေ.."
"အော်.."
"အားကျန့်.."
"ကျဲ.."
"ဧည့်သည်လည်းပါလာတာလား ထိုင်လေ..."
"ဟုတ်တယ်ကျဲ သူ့နာမည်က ဝမ်ရိပေါ်တဲ့.."

YOU ARE READING
Infinity...(Complete)
Fanfictionသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)