Part 9 ( uni+ zg)

3.1K 175 3
                                    

Unicode

ပြင်းရှရှအနမ်း

အပိုင်း ( 9 )

ရိပေါ်နှင့် ရှောင်ကျန့် တို့ ကားဖြင့်အိမ်သို့ ပြန်ရောက်လာခဲ့သည်။ အိမ်တံခါး ဖွင့်ရုံရှိသေးသည် အိမိတော် ထိန်းမှ အထဲတွင် ပန်းစည်းလေးဖြင့် စောင့်နေလေသည်။

"သခင်လေးရှောင်ကျန့် အတွက်"

"ကျွန်တော့် အတွက်လား"

ရှောင်ကျန့် အိမ်တော်ထိန်း စီမှ ပန်းစည်းကို ယူလိုက်သည်။ထို့နောက် ........

"သခင်လေးရှောင်ကျန့် အတွက်အာဟာရရှိမယ့် ဟင်းလေးတွေချက်ထားတယ်"

"အယ်....ဒါ"

ရိပေါ်ကို ရှောင်ကျန့်ကြည့်လိုက်လေသည် ။ ရိပေါ်မှာတော့ ဘာမှ မပြောဘဲ ရုပ်တည် ကြီးဖြင့်သာ ထမင်းစားဝိုင်းမှာ ထိုင်ခုံ သို့ သွားကာထိုင်လိုက်သည်။ ပြီးတော့ သူပြောလိုက်သည်.....

"လာထိုင်"

စကားတစ်ခွန်းဆိုလိုက်သည်။ ထိုနေရာတွင် ရှိသောသူများ တခဏ ကြောင်သွားကြသည်။

"လာထိုင်လိုက် အန်တီက မင်းအတွက် တကူးတက ချက်ပေးထားတာ"

ထိုအခါမှ အိမ်တော်ထိန်း ပြုံးရီ လိုက်ကာ ရှောင်ကျန့်၏ လက်မောင်းကို ကိုင် လိုက်ကာ ထိုင်ခုံပေါ်သို့ ထိုင်ခိုင်းလိုက်သည်။ ရှောင်ကျန့်လည်း ထိုနေရာတွင် ထိုင်ရင်း ရိပေါ်ကို တစ်ချက် တစ်ချက် ကြည့်နေလေသည်။ ရိပေါ်သည် ရှောင်ကျန့် သူ့ကို ကြည့်နေမှန်းသိသော်လည်း မသိချင်ယောင်ဆောင်ကာ.....

"အန်တီ နဲ့ ချီရန် လည်းအတူလာစားလေ"

"ရပါတယ် Boss "

"ရပါတယ် သခင်လေးရဲ့ သားနဲ့ ကျွန်မက နောက်မှ စားမယ်
ဒါဆို သခင်လေးတို့ အေးအေးဆေးဆေး စားနော် ကျွန်မတို့
သန့်ရှင်းရေး လုပ်လိုက်အုန်းမယ်"

"ခဏ နေအုန်းအမေ ကျွန်တော်က Boss ကို စောင့်ရအုန်းမယ်"

"အိမ်မှာဘဲဟာကို အမေ ပစ္စည်းအလေး မ မနိုင်လို့ သားရဲ့ ကူမ ပေးအုန်း "

အိမ်တော်ထိန်း သူ့သား ချီရန်ကို အတင်းဆွဲ ကာ ခေါ်သွားလေသည်။

ပြင်းရှရှအနမ်းWhere stories live. Discover now