ဆယ်သွယ်ရေး ချို့ယွင်းချက်ကြောင့် အချင်းချင်း မမြင်ရသည့် အနေအထားကို ဖြေရှင်းရန် နည်းလမ်းရှိပါသည်ဟု ထုတ်ဖော်ပြောလာသော် Andy ရဲ့ နည်းလမ်းကို ကျွန်တော်တို့နှစ်ဦး နားစွင့်နေခိုက် အပြင်ကုန်းပတ်ကို စောင့်ကြည့်နေရာက အနားသို့ရောက်လာသည့် Alex...။ တစုံတခုပြောလိုဟန်ရှိပြီး Andy ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။
" Alex"
"ဟုတ်ကဲ့ ကပ္ပတိန်...။"
"ပြောစရာရှိနေတာလား..။"
"ဟုတ်..."
"အင်း ပြောလေ..။"
"ကျွန်တော်က....."
Andy တားမြစ်ထားသည့် အရာတခုခုကို ချိုးဖောက်မိထားသူလို Alex က ဆက်ပြောရန် တုံ့ဆိုင်းနေခဲ့ကာ တော်တော်နှင့် အသံထွက်မလာ...။ Andy နောက်တစ်ကြိမ်ထပ်မေးလာတော့မှ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ခေါင်းကိုမော့လိုက်သည်။
"ထိထားတဲ့ ကျူးကျော်ကောင်ကို သူတို့ဘက်က လာပြန်ခေါ်ကြပြီး တစ်ကောင်ကျန်နေခဲ့လို့ ဝရုန်းသုန်းကား ဖြစ်နေခဲ့တဲ့ အချိန်တုန်းက ကပ္ပတိန်တို့ကို ကူမယ်ဆိုပြီး ကျွန်တော်လိုက်လာခဲ့သေးတယ်။ ဖမ်းမိလာတဲ့ အကောင်ကြီးကို စစ်နေခဲ့တဲ့ စက်ခန်းဆီကို..။ အဲ့ဒီအချိန်တုန်းက ဘယ်သူမှ အဲ့ဒီမှာမရှိတော့ဘူး ဒါပေမဲ့ ကျူးကျော်ကောင်ရဲ့ ခေါင်းဆောင်းကို တွေ့လို့ ကျွန်တော်ယူပြီး ဆက်လိုက်လာတုန်း ကပ္ပတိန်အမိန့်ဆိုပြီး Louis တို့ရောက်လာတာနဲ့ Bridge ကို ပြန်လှည့်သွားတာ...။"
"အင်း..."
"အဲ့ဒါ ကျွန်တော် ကုန်းပတ်ပေါ်တက်ပြီးတော့ အဲ့ဒီခေါင်းဆောင်းစွပ်ကြည့်တယ်..။ နေရောင်ခြည်ကို မမြင်ရလောက်အောင်ကို နည်းပညာတွေနဲ့ အထဲမှာ ဖွဲ့စည်းထားတာ တွေ့ရတယ်။ နောက်တော့ Louis တို့နဲ့ စကားပြောရင်း ဖမ်းမိလာတဲ့ အကောင်အကြောင်း စကားစပ်မိသွားတော့....။"
ဘာတွေနဲ့ ဖွဲ့စည်းထားမှန်း မသိရသေးသဖြင့် ကန့်သတ်ထားသည့် ပစ္စည်းတခုကို ခေါင်းမှာတပ်၍ အပြင် ထွက်ကြည့်မိထားသည့် Alex မှာ Andy ဆူမှာစိုးလို့ တစ်လုံးခြင်းဖြေရှင်းနေရာက တဖြည်းဖြည်း ရှုပ်ထွေးလာပြီး ဇတ်ရည်မလည်ချင်တော့ပေ။ အစကတည်းကမှ စိတ်ရှုပ်နေဟန်တူသည့် Andy မှာလဲ မျက်မှောင် ပိုကုတ်လာတော့သည်။
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons